1. Home
  2. Movie Stars - Celebrity

တရုတ်နိုင်ငံမှာ စည်းကမ်းမဲ့အမှိုက်ပစ်မိလို့ တောင်းပန်စကားပြောလိုက်တဲ့ TOP

Movie Stars - Celebrity มี.ค. 18, 2559 view 1,596

တောင်ကိုရီးယား နာမည်ကျော် Big Bang အဖွဲ့ဝင် T.O.P သည် တရုတ်နိုင်ငံ၌ စည်းကမ်းမဲ့ အမှိုက်ပစ်မိသဖြင့် တောင်းပန်စကား ပြော ခဲ့ပါတယ်။ T.O.P အပါအဝင် Big Bang အဖွဲ့ဝင်များဟာ အနု ပညာလှုပ်ရှားမှု အစီအစဉ်တစ်ခု အတွက် တရုတ်နိုင်ငံသို့ရောက်ရှိ စဉ် ထိုသို့ဖြစ်ပွားခြင်းဖြစ်ပါတယ် ။

T.O.P ဟာ တရုတ်နိုင်ငံ လမ်းတစ်လမ်း၌ မော်တော်ကား ဖြင့်သွားနေစဉ် ကားပြတင်းတံခါးကို အနည်းငယ်ဖွင့်ပြီး လမ်းမ ပေါ်သို့ ဆေးလိပ်တိုအား ပစ်ချလိုက်မိပါတယ်။ ကားပေါ်မှနေ၍ ဆေးလိပ်တိုပစ်ချခဲ့ခြင်းကို ပရိ သတ်တစ်ဦးက ဗီဒီယိုမှတ်တမ်း တင်ပြီးနောက် ယင်းဗီဒီယိုသည် တရုတ်လူမှုကွန်ရက် Weibo ၌ ပျံ့နှံ့သွားခဲ့ပြီး နိုင်ငံတကာပရိ သတ်များထံမှ ဝေဖန်သံများ ထွက်ပေါ်လာ ခဲ့ပါတယ်။ ယင်းဖြစ်စဉ် ဖြစ်ပွားပြီး နောက် T.O.P က တရုတ် ပရိသတ်များနှင့် အဆိုပါဗီဒီယိုပိုင် ရှင်သို့ အသည်းပုံသဏ္ဌာန်လက် ဟန်ဖြင့် တုံ့ပြန်ခဲ့သည်။

‘‘ကျွန် တော်ကားနဲ့ခရီးသွားတဲ့ အခါ တိုင်း ဆေးလိပ်တိုတွေကို သတ်မှတ်နေရာ (သို့မဟုတ်) အမှိုက်ပုံးတွေထဲ စွန့်ပစ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခါ ကျွန်တော်စီးလာတဲ့ ကားက ကျွန်တော်တို့ကား မဟုတ်ပါဘူး။ ကျွန်တော် ကြီးမားတဲ့ အမှားတစ်ခု လုပ်မိပါတယ်။ ဆင်ခြေပေးခွင့်မရှိပါဘူး။ ကျွန်တော့်အမှားအတွက် တောင်းပန်ပါ တယ်’’ဟု T.O.Pက တောင်းပန် စကား ပြောခဲ့ပါတယ်။

www.7daydaily.com



Follow us on