1. Home
  2. Movie Stars - Celebrity

လေ့ကျင့်ခန်းမလုပ်ဘူးလို့ ပြောတဲ့ Kendall Jenner

Movie Stars - Celebrity มี.ค. 21, 2559 view 1,573

စူပါမော်ဒယ် Kendall Jenner ရဲ့ သွယ်လျတဲ့အလှက သဘာဝအတိုင်းဖြစ်ပုံရပါတယ်။ Victoria's Secret မော်ဒယ် Kendall Jenner က သူမ လေ့ကျင့်ခန်းမလုပ်တာ လနဲ့ချီနေပြီလို့ ပြောလိုက် ပါ တယ်။

"နိုဝင်ဘာလတုန်းက လုပ်ခဲ့တဲ့ Victoria's Secret ရှိုးပွဲပြီးကတည်းက လေ့ကျင့်ခန်းမလုပ်ဖြစ်ခဲ့တာ။ ကျွန်မ အစာလည်း မစားဘူး။ အီးပါဖို့ စားနေရတယ်လို့ ခံစားရတယ်" လို့ ပွင့်လင်းလွန်းတဲ့ Kendall က ပြောခဲ့ပါ တယ်။ သူမစကားတွေက နည်းနည်းတော့ ကြမ်းတယ်လို့ ထင်ရပေမဲ့ Kendall မှာလည်း အဲဒီလို စိတ်ကုန်ရတဲ့ အကြောင်းရင်းက ရှိနေပါတယ်။

"Victoria's Secret အတွက် လေ့ကျင့်ခန်း အပြင်းအထန် လုပ်လိုက်ရတယ်။ နေ့တိုင်းလိုလိုပဲ။ တစ်ခါတလေ တစ်နေ့ နှစ်ကြိမ်တောင် လုပ်ရတယ်။ ထရိန်နာဆီ သွားတယ်။ ပြီးတော့ နှစ်နာရီ ပြေးရပြန်ရော။ အရင်ကဆို အားကစားအလုပ်ဆုံး ကလေးလိုပဲ။ အခုတော့ လုံးဝမလုပ်တော့ဘူး။ ဒီလိုနေရတာ ကျွန်မကြိုက်တယ်" လို့ Kendall ပြောပါတယ်။ သူမ ဘယ်လိုပဲ အားကစားမလုပ်ဘူးပဲ ပြောပြော သူမရဲ့ ပြည့်စုံလှတဲ့ body ကိုတော့ လူတိုင်း လိုချင်ကြပါတယ် ။

 



Follow us on