
ယနေ့ မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ရန်ကုန်မြို့တွင်း ၁၅ မြို့နယ်၌ ရေပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန၊ ရေနှင့် သန့်ရှင်းရေးဌာနက ထုတ်ပြန်ထားသည်။ လှော်ကားရေလှောင်ကန်မှ ရန်ကုန်မြို့တွင်းသို့ ဆက်သွယ်ထားသည့် ကွန်ကရစ်ရေပိုက်လိုင်း ချို့ယွင်းသွားခြင်းကြောင့် ထိုသို့ပြတ်တောက်ခြင်းဖြစ်ကြောင်း သိရသည်။
ရေပိုက်လိုင်းပြုပြင်နေစဉ်အတွင်း မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ၊ မရမ်းကုန်း၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်များ၌ ရေပြတ်တောက်မည် ဖြစ်သည်။
Credit ; Myanmar Times
comment