1. Home
  2. Movie Stars - Celebrity

ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ ပိုပိုရဲ့ သီချင်းခွေ

Movie Stars - Celebrity มี.ค. 22, 2559 view 1,743

ပိုပိုရဲ့ သင်္ကြန်ဆုတောင်း အခွေကတော့ ပရိသတ်တွေ အကြိုက်တွေ့ ခဲ့တယ်လို့ သိရပါတယ်။ပိုပိုကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ သင်္ကြန်ဆုတောင်း အခွေလေးကတော့ ပရိသတ်အားပေးမှု တော်တော်ရရှိခဲ့ ပြီး သူမကိုယ်တိုင်ကလည်း ပရိသတ်များက ကြိုက်နှစ်သက်ကြတဲ့ အတွက် ကြိုးစားရကျိုးနပ်ခဲ့သလို ပထမဆုံးကူးထားတဲ့ အခွေတွေလည်း ရောင်းလို့ ကုန်သွားပြီလို့ ဆိုပါတယ်။

"ပထမဆုံးကူးထားတဲ့ အခွေတွေတော့ ကုန်သွားပြီ။ ပရိသတ်တွေ ကြိုက်ကြတယ်လို့ ပြောတယ်။ ပိုပိုရဲ့ သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်တွေ ကြိုက်ပ့ါမလားလို့ ရင်ခုန်နေရတာ။ ဒါပေမဲ့ အခုပြန်ကြားရတာကတော့ သရုပ်ဆောင်ကောင်းတယ်လို့ ပြောတယ်။ အဲ့ဒီအတွက် လည်း ဝမ်းသာမိပါတယ်။"လို့ သူမက ပြောသွားပါ တယ်။

လတ်တလောမှာတော့ မော်လမြိုင်မြို့မှာ Ve Ve အချိုရည်က ပြုလုပ်တဲ့ ဖျော်ဖြေပွဲကနေ ပြန်လာပြီး သင်္ကြန်ဆုတောင်း ကို နောက်ပုံစံတခုနဲ့ထပ်ရိုက်ပြီး MNTV နဲ့ channel 9 မှာလွင့်ဖို့ ရိုက်ကူးရေး လုပ်ထားပါတယ်လို့ သိရပါတယ် ။

Credit :www.Duwun.com



Follow us on