1. Home
  2. Movie Stars - Celebrity

ဖြူဖြူကျော်သိန်းရဲ့ "April Fool"

Movie Stars - Celebrity มี.ค. 22, 2559 view 1,626

ဖြူဖြူကျော်သိန်းရဲ့ "April Fool" သီချင်းခွေကတော့ ဧပြီလ (၁) ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။ အဲ့သီချင်းခွေထဲမှာ သီချင်းလေးပုဒ်ပါဝင်ထားကာ "ဝါတာပါတီရေပါတီ"သီချင်းမျိုးလို သင်္ကြန်အတွင်း ဖွင့်ပြီး ကခုန်လို့ရမယ့် သီချင်းအမျိုးစားလေးတွေ ပါဝင်တယ်လို့ သူမက ဆိုပါတယ်။

April Fool မီနီအယ်လ်ဘမ် အခွေထဲမှာ ပါဝင်တဲ့သီချင်းတွေကို တေးရေး စိမ့်နဲ့ သိန်းလင်းစိုးတို့က ရေးထားပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ "သီချင်းတွေကတော့ အခွေအတွက် ကြိုပြီး ရှာထားတာတွေ ရှိတယ်။ လေးပုဒ်ထဲက သုံးပုဒ်က ရနှင့်ပြီးသားထဲကပေါ့။ သီချင်း အနေနဲ့ လာပြထားကတည်းက ကြိုက်နှင့် ထားပြီးသား။

မတီးသာ မတီးရသေးတာ။ ဘယ်လိုပုံစံနဲ့ လုပ်ရင်ကောင်းမလဲလို့ စောင့်နေတဲ့ အချိန်မှာ ဒီ April Fool ကို အာရုံရသွားတယ်။ ဖြူဖြူက ဧပြီလမှာလည်း မွေးတော့ ကိုယ့်ရဲ့ မွေးလ အထိမ်းအမှတ်လည်း ဖြစ်တာပေါ့နော်’’လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။ ကိုယ်ပိုင်သံစဉ်တွေချည်း ပါဝင်ထားတဲ့ အဲ့အခွေလေးကတော့ ဖြူဖြူကျော်သိန်းရဲ့ (၆)ခွေမြောက် တစ်ကိုယ်တော်အယ်လ်ဘမ် ဖြစ်ပါတယ်။

http://www.duwun.com.mm/



Follow us on