1. Home
  2. Special or Others

လူတစ်ယောက် အလှဆုံးအချိန် (၅) ချိန်

Special or Others มี.ค. 25, 2559 view 1,748
၁ -  ပြုံးတဲ့အချိန်
 
ပြုံးတာက သင့်မျက်နှာကို ပြန်လည် ပုံဖော်နိုင်ပါတယ်။ ပြုံးလိုက်တဲ့အခါ သင့်မျက်လုံးအရောင်က ပိုတောက်လာပြီး မျက်နှာက ပိုဝင်းလာပါတယ်။
 
၂ - သဘောကျတာကို ပြောရတဲ့အချိန်
 
ဝါသနာကြီးကြီးရှိတဲ့ လူတွေမှာ ပိုသိသာပါတယ်။ သူတို့သဘောကျတာကို ပြောရတဲ့အချိန်မှာ မျက်လုံးတွေက ဝင်းတောက်နေပြီး လွပ်လပ်မှုကို တွေ့ရပါတယ်။
 
၃ - ယုံကြည်မှုရှိတဲ့အချိန်
 
အဝတ်အစား ၊ ဘဝနဲ့ စတဲ့အရာတွေကို ယုံကြည်မှုရှိတဲ့အချိန်မှာ သင်ဟာ ပိုမတ်မတ်လျှောက်လာပြီး ပိုပြုံးလာပါတယ်။
 
၄ - သန့်ရှင်းနေတဲ့အချိန်
 
သန့်ရှင်းနေတဲ့အချိန်မှာ ပိုလှတာကတော့ ငြင်းချက်ထုတ်စရာ မရှိပါဘူး။
 
၅ - အိပ်ရေးဝဝ အိပ်ရတဲ့အချိန်
 
အိပ်ရေးဝဝ အိပ်ပြီး ပြန်ထလာတဲ့အချိန်ဟာ လန်းဆန်း လတ်ဆတ်နေတဲ့ အချိန် ဖြစ်ပါတယ်။
 


Follow us on