1. Home
  2. Special or Others

ရွှေတုံးအတု လိမ်လည်ရောင်းချမှုကြောင့် ထောင်ဒဏ် ချမှတ်ခံထားရသည့် တရုတ်နိုင်ငံသားသုံးဦး

Special or Others มี.ค. 25, 2559 view 1,600

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်အတွင်း ရွှေတုံးအတု လိမ်လည်ရောင်းချမှုကြောင့် ထောင်ဒဏ်ချမှတ် ခံထားရသည့် တရုတ်နိုင်ငံသားသုံးဦးကို လ၀ကအက်ဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ နှစ်စီ ကျခံစေရန် အလုံမြို့နယ် တရားသူကြီးက မတ်၂၄ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။ ထိုသို့ အမိန့်ချမှတ်ခံခဲ့ရသူများမှာ တရုတ် နိုင်ငံသား YANGQUANFA (၅၉) နှစ်၊ YANGHUIPING (၄၄) နှစ်နှင့် ZHUH AIYUA (၄၃) နှစ်တို့ဖြစ်ပြီး ၎င်းတို့မှာ အလုံမြို့နယ်အတွင်း ရွှေအတု လိမ်လည်ရောင်းချမှုဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀ ဖြင့် အလုပ် နှင့် ထောင်ဒဏ် သုံးနှစ်စီ ကျခံထားရကြောင်း သိရသည်။

"လ၀က ဥပဒေ ပုဒ်မ ၁၃ (၁) နဲ့ တရုတ် နိုင်ငံသား သုံးဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ်စီ ကျခံစေဖို့ အမိန့်ချလိုက်တယ်။ ဒီပြစ်ဒဏ်နဲ့ ပတ်သက်ပြီး အထက်တရားရုံး အယူခံဝင်၊ မ၀င်ဆိုတာကိုတော့ သူတို့နဲ့တိုင်ပင်ပြီး သူတို့ဆန္ဒအတိုင်း ဆောင်ရွက်ပေးသွားမှာ ပါ"ဟု တရုတ်နိုင်ငံသားသုံးဦး၏ ရှေ့နေ ဦးမြင့်စိုးက မတ်၂၄ ရက် ရုံးချိန်းအပြီးတွင် ပြောကြားသည်။ ပြီးခဲ့သည့်၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းက အလုံမြို့နယ် ဆင်မင်းဈေးရှေ့တွင် တရုတ် နိုင်ငံသားနှစ်ဦးဖြစ်သည့် YANGQUANFA (၅၉) နှစ်၊ နိုင်ငံကူးလက်မှတ်အမှတ် E-18376810 နှင့် YANGHUIPING (၄၄) နှစ်၊ နိုင်ငံကူးလက်မှတ်အမှတ် E-3460942 ကိုင်ဆောင်သူတို့ကို အမေရိကန်ဒေါ်လာ တစ်သိန်းခန့်နှင့် မြန်မာကျပ်ငွေ သိန်း ၁၀၀၀ ခန့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့မှ စစ်ဆေးမေးမြန်းရာတွင် မြန်မာငွေများ၊ အမေရိကန်ငွေများနှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်းမရှိဘဲ အလုံမြို့နယ်အတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရာမှ ရွှေအတုများ လိမ်လည်ရောင်းချနေခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ထိုမှတစ်ဆင့် ကျန်တရုတ်နိုင်ငံသားတစ်ဦးဖြစ်သည့် ZHUH AIYUA (၄၃) နှစ် နိုင်ငံကူးလက်မှတ်အမှတ် E-37117470 ကိုင်ဆောင်သူကို ကြည့်မြင်တိုင်မြို့နယ်ရှိ တည်းခိုခန်းတစ်ခု၌ ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

Credit ; http://news-eleven.com/



Follow us on