1. Home
  2. Special or Others

Friend Request (ဇာတ်လမ်း အကျဉ်း )

Special or Others มี.ค. 29, 2559 view 1,716

ရုံတင်ပြသနေတဲ့ Friend request သည်းထိပ်ရင်ဖိုကားလေး ကို ဒီအပတ် ပိတ်ရက်မှာ သွားကြည့်လို့ရအောင် ဇာတ်လမ်းအကျဉ်းလေးကို ဖော်ပြပေးလိုက်ရပါတယ် ။

Laura ဟာ သူမ တက်ရောက်နေတဲ့ ကောလိပ်မှာ ထင်ပေါ်ကျော်ကြားပြီး လူချစ်လူခင်များတဲ့ လူတစ်ယောက်အနေနဲ့ သူ မ လက်ရှိဘ၀ကို ကျေနပ်နေပါတယ်။ သူမ သုံးစွဲနေတဲ့ facebook မှာ fri 800 ကျော်နှင့် သူမ အကြောင်းတွေကို ဖြန့်ဝေပေးပြီး သူငယ်ချင်းတွေနဲ့ လူမှုကွန်ယက်မှာ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားပျော်မွေ့နေပါတယ် ။

တစ်ရက်မှာ laura ဟာ သူမ မသိတဲ့ Marina အမည်နဲ့ မိန်းကလေးတစ်ယောက်ရဲ့ fri frquest ကို ရရှိခဲ့ပြီး Marina ရဲ့ Friend request ကို လက်ခံခဲ့ပါတယ်။ Marina ရဲ့ Fri request ကို လက်ခံပြီးတဲ့နောက်မှာ Laura ဟာ ထူးထူးခြားခြားအထီးကျန်ဆန်လာသလို ခံစားလာရပြီး စိတ်ခြောက်ခြားမှုများ ဖြစ်ပေါ်လာခဲ့ပါတယ် ။

Facebook က သူမရဲ့ သူငယ်ချင်းတွေဟာလည်း တစ်ယောက်ြ့ပီး တစ်ယောက် ရက်စက်စွာ သက်ဖြတ်မှုကို ခံနေကြရပြီး ဒီ အဖြစ်အပျက်တွေနဲ့ ပက်သက်နေတဲ့ Facebook လူမှုကွန်ယက်ပေါ်က Marina ဆိုတဲ့ လျှို့ဝှက်ပြီး ကြောက်စရာကောင်းတဲ့ မိန်းကလေး ဟာ ဘယ်သူ ဖြစ်မလဲ ဆိုတာ Laura ဟာ သူမ ရဲ့ အသက်အန္တရာယ် မကျရောက်ခင် ရက်ပိုင်း အလို မျာ မရ ရအောင် ဖော်ထုတ်ပုံကို ရိုက်ကူးတင်ပြထားတဲ့ သည်းထိပ်ရင်ဖို ရုပ်ရှင်ဇာတ်ကားကောင်း တစ်ခု ဖြစ်ပါတယ် ။

Credit:Mingalarcinema



Follow us on