မတ် ၂၅ ရက်နေ့က ထွက်ရှိခဲ့တဲ့ “Mind of Mine” ပွဲဦးထွက် တစ်ကိုယ်တော် တေးအယ်လ်ဘမ် ထွက်ရှိမှုမတိုင်မီ မျက်နှာဖုံးအ တွက် ပြုလုပ်သောပွဲတွင် zayn malik က One Direction အဖွဲ့အတွင်းရှိနေစဉ် တက်တူးထိုးခွင့် မရှိသည့်အပြင် မုတ်ဆိတ်မွှေးလည်း ထားခွင့်မရှိကြောင်း ပြောကြားခဲ့ပါတယ်။
“ကျွန်တော် မုတ်ဆိတ်မွေး ထားခွင့်မရခဲ့ဘူး။ နောက်ဆုံး ကျွန်တော် အသက်ကြီးလာတဲ့အခါ လည်း အဲဒီကန့်သတ်ချက်ကို ဆန့်ကျင်လို့ရမှာ မဟုတ်ဘူး။ ဒါကြောင့် ကန့်သတ်ချက်ကို ဆန့်ကျင်ဖို့ ဘယ်နည်းနဲ့ဖြင့်ဖြင့် လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ကန့်သတ်ချက်ကြောင့် ကျွန်တော်ဟာ အဖွဲ့ဝင် အားလုံးထက် အသက်ကြီးတယ်လို့ ထင်ရတယ်” လို့ zayn က ပြောကြားခဲ့ပါတယ်။
“အဖွဲ့အတွင်းရှိစဉ်က ကျွန်တော် မုတ်ဆိတ်မွေး ထားချင်တယ်။ ကျွန်တော် ဆံပင်ဆိုးချင် တယ်။ ဒါပေမဲ့ ကျွန်တော် အဲ့ဒါတွေ လုပ်ခွင့်မရခဲ့ပါဘူး” zayn ဟာ လွန်ခဲ့သည့် တစ်နှစ်က One Direction အဖွဲ့မှ နှုတ်ထွက်ခဲ့ခြင်းကြောင့် ဆယ်ကျော်သက်အရွယ် ပရိတ်သတ် သန်းပေါင်းများစွာ စိတ်ထိခိုက်ခဲ့ ရပါသေးတယ် ။
Credit: mizzima