1. Home
  2. Movie Stars - Celebrity

မွေးရပ်မြေကို လွမ်းနေတဲ့ ဟန်သီ

Movie Stars - Celebrity มี.ค. 29, 2559 view 1,788

နယူးယောက်မှာ ပညာသင်ယူနေတဲ့ အလှမယ်လေး ဟန်သီကတော့ ပညာတွေသင်ယူရင်း မွေးရပ်မြေကိုလည်း လွမ်းနေတယ်လို့ ဆိုပါတယ်။ ချစ်တဲ့ပရိသတ်တွေ မိသားစု ဆွေမျိုး မိတ်ဆွေရှိနေတဲ့ မြန်မာနိုင်ငံကို လွမ်းနေပေမယ့်လည်း ပျော်ရာမှာမနေ တော်ရာမှာနေရ၏ ဆိုတဲ့ ဆိုရိုးအတိုင်း ဟိုမှာဘဲ ကြိုးစားပြီး ပညာသင်ယူနေတယ်လို့ သူမက ပြောပါတယ်။

"လူမျိုးခြား ဆရာ ဆရာမတွေ အတန်းဖော် သူငယ်ချင်းတွေ ကိုယ့်အတွက်ကြောင့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး နာမည်မပျက်အောင် အစစအရာရာ သတိထားပြီးနေရမယ်လို့ မေမေကလည်း အမြဲဆုံးမ သတိပေးပါတယ်။ ကျောင်းအတွက် ကြောငြာရိုက်ပြီးကတည်းက တစ်ကျောင်းလုံးက ဟန်သီကို ပိုသတိပြုမိလာကြတယ်။

အခုမေမေက Visa ပြည့်လို့ ပြန်သွားတော့ ဟန်သီ ကိုယ်တိုင်ချက်ပြုတ် လျှော်ဖွပ်သန့်ရှင်းရေးလုပ်ရတော့ ကိုယ့်ကိုကိုယ် လူကြီးတစ်ယောက်လို ခံစားရတယ်။ သွားလာတဲ့အခါလည်း ပိုပြီးသတိထားပါတယ်။ ဟန်သီအမြဲတမ်း သကြားလုံး မုန့်ဆောင်ထားပြီး တွေ့တဲ့ သူတွေကို နှုတ်ဆက်ပြီး ကျွေးလို့ ချစ်စရာကောင်းလို့ ဟန်သီကို Candy girl လို့ခေါ်ကြတယ်။"လို့ သူမက ဆိုပါတယ်။

မြန်မာနိုင်ငံ အလှမယ်ဟန်သီကို ဝါရှင်တန်ဒီစီက DVB အသံလွှင့်ဌာနကလည်း အင်တာဗျူးတွေမေးပြီး ထုတ်လွှင့်ပေးသလို အမေရိကက ထုတ်ဝေတဲ့ မြန်မာသတင်းစာကလည်း ဟန်သီကို ဂုဏ်ပြုတဲ့ သတင်းလေးတွေ ထည့်ပေးနေတာကိုလည်း တွေ့ရပါတယ်။ တစ်နှစ်မှာ တစ်ခါကျရောက်တဲ့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲကို ပြန်လာချင်ပေမယ့်လည်း အရေးကြီးတဲ့ အတန်းတွေနဲ့ ရူတင်တွေရှိနေတာကြောင့် မြန်မာနိုင်ငံကို ပြန်မလာဖြစ်တော့ဘူးလို့ သိရပါတယ်။

Credit :Duwun



Follow us on