1. Home
  2. Myanmar News

မသန်စွမ်းသည့် အမျိုးသမီးကို သားမယား ပြုသူအား တိုင်ကြား

Myanmar News มี.ค. 30, 2559 view 1,570

ကော့မှူးမြို့နယ်တွင် ငါးတောင်းရန်သွားသူ မသန်စွမ်းသည့် အမျိုးသမီးကို သားမယားပြုကျင့်ခဲ့သည် ဆိုကာ တိုင်တန်းမှု မတ်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည်။ အဆိုပါအမှုကို မိန်းကလေး၏ မိခင်က ရဲထံတိုင်တန်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် ကော့မှူးမြို့နယ်နေ အဆိုပါအမျိုးသမီး နေအိမ်တွင် ရှိနေစဉ် ၎င်းင်း၏ အသက် ၁၉ နှစ်အရွယ် မသန်မစွမ်းသမီးငယ်က ရွာထဲရှိ ငါးကန်သို့ ငါးတောင်းရန် သွားခဲ့ရာမှ ငိုပြီးပြန်လာခဲ့ကြောင်း တိုင်တန်းချက်တွင်ပါရှိသည်။

စုံစမ်းချက်အရ ငါးတောင်းခဲ့ပြီး ငါးကန်အလုပ်သမား ရှိန်မင်းကျော်(၂၅ နှစ်) က ကွမ်းခြံထဲသို့ ဆွဲခေါ်သွားပြီး ပါးစပ်ပိတ်၍ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊ ထို့နောက် ဓမ္မတာနှင့်ဆန့်ကျင်ကာ ထပ်မံ၍ သားမယားပြုကျင့်ခဲ့ကြောင်း သိရသည်ဟုဆိုကာ အရေးယူပေးရန် တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ကျိုက်ထော်နယ်မြေရဲစခန်းက(ပ)၃၅/၁၆ ပြစ်မှုပုဒ်မ ၃၇၆/၃၇၇ အရ အမှုဖွင့်စုံစမ်းလျက်ရှိသည်။

Credit ; http://myanmar.mmtimes.com/



Follow us on