1. Home
  2. Special or Others

လေယာဉ်ပေါ်တွင် ကလေးမွေးဖွား

Special or Others มี.ค. 30, 2559 view 1,683

Silk Air လေကြောင်း လိုင်းဖြင့် စင်ကာပူနိုင်ငံ ချန်ဂီလေ ဆိပ်မှ ရန်ကုန်မြို့သို့ လာရောက် သည့် ကိုယ်ဝန်ဆောင် မြန်မာ အမျိုးသမီးတစ်ဦးသည် ရန်ကုန် လေဆိပ်သို့ ဆိုက်ကပ်ချိန်မှာပင် လေယာဉ်ပေါ်၌ ကလေးမွေးဖွား ခဲ့သည်။ မတ်လ ၂၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်လေဆိပ်သို့ လေယာဉ်ဆိုက်ကပ်ပြီး Tube ကပ်နေစဉ်တွင် ထိုအမျိုးသမီး ဗိုက်နာလာသဖြင့် လေဆိပ်တာဝန်ကျအမျိုးသမီးဆရာဝန်များ၊လေယာဉ်မယ်များ၏ အကူအညီဖြင့် ညနေ ၄ နာရီ မိနစ် ၅၀ တွင် လေယာဉ်ပေါ်၌ပင် သားယောက်ျားလေးတစ်ဦး အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။

ထို့အပြင် ကလေးငယ်ကိုချောမောစွာ မွေးဖွားနိုင်ခဲ့ခြင်းအတွက် MAI ကလည်း ပျော်ရွှင်ကျေနပ်ရကြောင်း MAI ၀က်ဘ်ဆိုက်တွင်ကြေညာသည်။ Silk Air ၏ မြေပြင်ပေါ် ၀န်ဆောင်မှု(Ground Handing)များကို MAI က တာဝန်ယူထားသောကြောင့် ဖြစ်သည်။ ‘‘ကလေးကိုတော့ ရန်ကင်းကလေးဆေးရုံကို ပို့ပြီးသွားပါပြီ။

အမျိုးသမီးကိုတော့ ကျန်းမာရေးအခြေအနေစိတ်ချရစေဖို့အတွက်လေဆိပ်မှာပဲ ဆရာဝန်တွေနဲ့ အနီးကပ်စောင့်ကြည့်ပေးနေရပါတယ်။ အားလုံးစိတ်ချရပြီဆိုတာနဲ့ ဆေးရုံကိုပို့ပေးဖို့ စီစဉ်ပါမယ်။ ကလေးရော မိခင်ပါ ကျန်းမာရေးက စိုးရိမ်စရာမရှိတော့ပါဘူး’’ဟု လေဆိပ်လုံခြုံရေးရဲဌာနမှ တာဝန်ခံအရာရှိက ပြောသည် ။

Credit ; http://www.7daydaily.com/



Follow us on