1. Home
  2. Myanmar News

နှစ်ထပ်ကွမ်း အကယ်ဒမီ ဆုတွေ နဲ့ အတူ ဝမ်းလည်းဝမ်းသာမိသလို ဝမ်းလည်းဝမ်းနည်းမိတဲ့ ၂၀၁၆ အကယ် ဒမီဆုပေးပွဲ

Myanmar News เม.ย. 04, 2559 view 1,640

ရန်ကုန်မြို့ Myanmar Event Park မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း အနုပညာရှင် အများစုက အကယ်ဒမီဆုတွေကို  ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ပေးပွဲမှာ ပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း အနုပညာရှင်တွေအသီးသီးက နှစ်ထပ်ကွမ်း အကယ်ဒမီတွေ ရရှိခဲ့ပါတယ်။

၂၀၁၄-၂၀၁၅ နှစ်နှစ်ပေါင်းလုပ်ခဲ့တဲ့ ဒီဆုပေးပွဲက ပရိသတ်ဆန္ဒတွေနဲ့ ထပ်တူကျခဲ့တဲ့ ပွဲလို့လည်း ပြောရမှာပါ။

၂၀၁၄ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ပြေတီဦးက "နှလုံးသားဖြင့် ပြုလုပ်သည်" ဇာတ်ကားနဲ့ ရရှိသွားသလို ၂၀၁၅ခုနှစ်အတွက် အကောင်းဆုံး ဆုကိုတော့ နေတိုးက "နက္ခတ်မှားတဲ့တိုက်ပွဲ" ဇာတ်ကားနဲ ရရှိခဲ့ပါတယ်။

၂၀၁၄ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ခိုင်သင်းကြည်က "ကောင်းကျိုးကိုယ်၌ တည်စေမင်း"ဇာတ်ကားနဲ့ ရရှိခဲ့သလို ၂၀၁၅ခုနှစ်အတွက် အကောင်းဆုံးဆုကိုတော့ ဖွေးဖွေးက "ကျွန်မကနှင်းဆီပါမောင်"ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။

၂၀၁၄ခုနှစ်အတွက် အကောင်းဆုံး ဇာတ်ကားဆုကို ကောင်းကျိုးကိုယ်၌ တည်စေမင်း ဇာတ်ကားက ရရှိသွားပါတယ်။

၂၀၁၅ခုနှစ်အတွက် အကောင်းဆုံး ဒါရိုက်တာဆုကို (ကျွန်မက နှင်းဆီပါမောင်) ဇာတ်ကားနဲ့ ဒါရိုက်တာ ၀ိုင်း က ရရှိသွားပါတယ်။

၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုကို"ဤအရာကို အချစ်ဟုခေါ်သလား"ရုပ်ရှင်နဲ့ ဗေလုဝက ဆွတ်ခူးသွားပါတယ်။

၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုကို "နှလုံးသားဖြင့် ပြုလုပ်သည်"ရုပ်ရှင်နဲ့ ဇင်ဝိုင်းက ဆွတ်ခူးသွားပါတယ်။

၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆု "ဤအရာကို အချစ်ဟုခေါ်သလား"ရုပ်ရှင်နဲ့ တက္ကသိုလ် ဂွမ်းပုံက ရရှိသွားပါတယ်။

၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု "နှလုံးသားဖြင့် ပြုလုပ်သည်"ရုပ်ရှင်နဲ့ ၀တ်မှုံရွှေရည်က ဆွတ်ခူးသွားပါတယ်။
 



Follow us on