1. Home
  2. Myanmar News

ဦးခင်လှိုင် အပေါ်ဝေဖန်ခြင်း နှင့် သူ့ရဲ့ထင်မြင်ချက် သဘောထား

Myanmar News เม.ย. 04, 2559 view 2,181

အောင်ဘာလေကားနဲ့ လွဲခဲ့ရတဲ့ ဦးခင်လှိုင် အတွက် စိတ်မကောင်း ဘူးဗျာ။ သရုပ်ဆောင်ချက်တွေက ဇာတ်ပို့အတွက်ဆိုရင် ဦးဗေလုဝ ထက် သာနေသလိုလို ရှိနေပေမယ့်လဲ ဆုနဲ့ လွဲခဲ့ရတယ်လေ။

ရုပ်ရှင် အသိုင်းအဝိုင်းရဲ့ မလိုအပ်တဲ့ဝန်းရံမှုတစ်ခုကြောင့် ရှုံးနိမ့် ရတယ် လို့တော့ ထင်တာပဲ။ ဦးဗေလုဝလဲ တော်ပါတယ်။ ဒါမယ့် ဦးခင်လှိုင် က သာတယ်။

သို့သော် စောစောလေးက Myanmar Celebrity ကနေ ဦးခင်လှိုင်ရဲ့ အင်တာဗျူး အခွေလေးကို ကြည့်မိလိုက်တယ်။ အစပိုင်းလေးမှာ အောက်ပါ အတိုင်း ပြောသွားတယ်ဗျ။

"ကျွန်တော်အရင်တုန်းကတော့ နားမလည်ခဲ့ဘူးဗျ။ သရုပ်ဆောင် သည် သရုပ်ဆောင်၊ အနုပညာသမားသည် အနုပညာ အလုပ်ပဲ လုပ်ရမယ်လို့ ကျွန်တော် ထင်ထားတာ။ အနုပညာအလုပ် လုပ်ရမယ်။ ကြိုးစားရမယ်။ ဇာတ်ကားထဲမှာ စိတ်ဝင်စားမှု ရှိရမယ်။ စီးဝင်မှု ရှိရ မယ်။ ဇာတ်ကား တစ်ကားရိုက်တော့မယ် ဆိုရင် ဒီဇာတ်ကားကို မရိုက် ခင် ကထဲက (အကယ်ဒမီဆိုတာ အဝေးကြီး) ဒီဇာတ်ကား ရုံတင်တဲ့ အခါမှာ ကိုယ့်ကို ပရိသတ်တွေ ချီးကျူး ထောပနာပြုဖို့ အတွက် ဒီဇာတ်ကားကို ကိုယ် အကောင်းဆုံး သရုပ်ဆောင် ရမယ်လို့ ကျွန်တော် ယုံကြည်ထားခဲ့တာ။ အခုတော့ ကျွန်တော် သိသွားပါပြီ ခင်ဗျာ။ ဘာပဲဖြစ်ဖြစ် အကယ်ဒမီရဖို့အတွက် နိုင်ငံရေး တရားပွဲ တွေမှာ တရားဟောတတ် ရမယ်။ ပြီးတော့ မဲဆွယ် စည်းရုံးတဲ့ ပွဲတွေမှာ ပါရမယ်။ နိုင်ငံရေး စိတ်ဓာတ် ရင်ထဲမှာ တကယ်ရှိရှိ မရှိရှိ လုပ်သင့်တာကို လုပ်ရမယ် လို့ ကျွန်တော်သိ သွားပြီ။ သိသွားပေမယ့် ဘယ်တော့မှ မလုပ်ဘူး။ ကျွန်တော်က အနုပညာသမား ဗျ။"

ဟုတ်ပါတယ် ဦးခင်လှိုင်ရေ။ သရုပ်ဆောင်သည် သရုပ်ဆောင် အလုပ် သာ လုပ်သင့်ပါတယ်။ သို့သော် သူတစ်ပါး အလေးထား လုပ်တာကို ရှုံ့ချဖို့တော့ မဟုတ်ပါဘူး ခင်ဗျ။

အကယ်ဒမီသည် ရုပ်ရှင်ထူးချွန်ဆု ဖြစ်ပါတယ်။ နိုင်ငံရေး ထူးချွန်ဆု မဟုတ်ပါဘူး။ ဒါကိုလည်း ပြည်သူလူထုက သိပြီးသား ကိစ္စတစ်ခုပါ။ ယခုအုပ်ချုပ်နေတဲ့ အစိုးရပိုင်းကလည်း ဒါကို သိပြီး ဖြစ်ပါလိမ့်မယ်။ ဒါကို ကွဲပြားစွာ မသိတာက ရုပ်ရှင် အစည်းအရုံး သာ ဖြစ်တဲ့ အတွက် ဒီလို ကိစ္စ ကို အချေအတင် ပြောဆိုသင့်တာက အတွင်းစည်း ဖြစ်တဲ့ အစည်းအရုံး အတွင်း မှာ ပြောဆို သင့်တာ ဖြစ်ပါတယ်။

ပြီးတော့ ဦးခင်လှိုင် စွပ်စွဲချက်တွေမှာ ဦးဗေလုဝရဲ့ အလုပ်အပေါ်ကို မနာလိုမှု အထင်းသား မြင်နေရပါတယ်။ ဟိုတစ်ယောက်ခမျာ သူ ရလို့ ရမှန်းတောင် သူမသိလို့ ခရီးထွက်မိ နေခဲ့တာ မဟုတ်လား။

အခုတော့ ဒီလို မဆိုင်တဲ့ ကိစ္စလေးတွေကို ဆွဲထည့်ပြီးတော့ ကိုယ် လုံးစေ့ ပတ်စေ့ မသိသေးတာကို စွပ်စွဲသလို ဖြစ်နေတဲ့ ဦးခင်လှိုင်ရဲ့ စကား တို့ကို ရှုံ့ချလိုပါတယ် ခင်ဗျ။ ကျေးဇူးတင်ပါတယ်။


Written by:
- မှတ်စုကြမ်း ‪#‎kyawnge‬

https://www.facebook.com/notesofkn



Follow us on