1. Home
  2. Myanmar News

အလှူမှာ အစာအဆိပ်သင့်လို့ လူပေါင်း ၃၃ ဆေးရုံတင်ရ

Myanmar News เม.ย. 07, 2559 view 1,584

အလှူထမင်းစားရာက လူ ၅၄ ယောက် အစာအဆိပ်သင့်ကာ ၃၃ ယောက် ဆေးရုံတင်ခဲ့ရပါတယ်။

7Day Daily ရဲ့ဖော်ပြချက်အရ တန့်ဆည်မြို့နယ် သစ်ယာပင်ရွာသစ်ကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အစာအဆိပ်သင့်သူထဲက ၃၃ ယောက်ကို တန့်ဆည်မြို့နယ် ကံထူးကံမကျေးရွာတိုက်နယ်ဆေးရုံကို တင်ထားတယ်လို့ သိရပါတယ်။

ဧပြီ ၅ ရက် ညနေ ၅ နာရီက ရှင်ပြုမင်္ဂလာပွဲရဲ့ တရားပွဲအပြီးမှာ ဧည့်ခံထမင်းစားရာက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆေးရုံတင်ထားရတဲ့လူနာတွေဟာ စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

 အစာဆိပ်သင့်သူ ၅၄ ယောက်မှာ အမျိုးသား ၂၅ ယောက်၊ အမျိုးသမီး ၂၅ ယောက်နဲ့ ၁၂ နှစ်အောက် ကလေး လေးယောက်ပါဝင်ပြီး ဝမ်းလျှောတာတွေ အော့အန်တာတွေ ဖြစ်ခဲ့ပါတယ်။

အစာဆိပ်သင့်ရတဲ့ အကြောင်းအရင်းကိုတော့ မသိရှိရသေးပါဘူး။



Follow us on