1. Home
  2. Movie Stars - Celebrity

ဝိတ်ချဖို့ပြောလို့ Victoria's Secret နဲ့ စာချုပ်မချုပ်တော့တာလို့ ဆိုတဲ့ Erin Heatherton

Movie Stars - Celebrity เม.ย. 07, 2559 view 1,619

Erin Heatherton ဟာ Victoria's Secret  ရဲ့ ဖက်ရှင်ရှိုးတွေနဲ့ ကက်တလောက်တွေမှာ မော်ဒယ်လုပ်ပေးခဲ့တာ ၅ နှစ်တောင် ရှိနေပါပြီ။  Victoria's Secret ရဲ့ နတ်မိမယ်ဟောင်းတစ်ဦးဖြစ်တဲ့  Erin ဟာ ၂၀၁၃ ခုနှစ်မှာ အတွင်းခံ ကုမ္ပဏီအတွက် မော်ဒယ်လုပ်ပေးနေတာကို ရပ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

အဲဒီမတိုင်ခင်မှာ Erin ဟာ "Victoria's Secret အတွက် ကျွန်မရဲ့ နောက်ဆုံး ရှိုးပွဲနှစ်ခုမှာ ကျွန်မ ဝိတ်ချဖို့လိုတယ်လို့ အပြောခံလိုက်ရတယ်။ ကျွန်မမှာ တကယ်လားလို့ ပြန်မေးမိတယ်" လို့ သူမက ပြောပါတယ်။

Erin ဟာ သူမရဲ့ Victoria's Secret ရဲ့  နောက်ဆုံး ရှိုးပွဲအတွက် တစ်ရက်ကို နှစ်ကြိမ်တောင် လေ့ကျင့်ခန်းလုပ်ခဲ့သူပါ။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်အထိ မကျခဲ့ပါဘူး။တစ်ည အားကစားလုပ်ရာကနေ အိမ်ပြန်တော့ စားစရာတွေကို စိုက်ကြည့်ပါပြီး ငါ အစားမစားဘဲ နေသင်သလားလို့ စဉ်းစားမိခဲ့တယ်" လို့ အရမ်းကို စိတ်ဓာတ်ကျနေခဲ့တဲ့ Erin က စဉ်းစားမိခဲ့ပါတယ်တဲ့။

အဲဒီအလုပ်က ထွက်ခဲပြီးတဲ့နောက် သူမဟာ ကိုယ့်ကိုကိုယ် လက်ခံလာနိုင်ခဲ့တယ်လို့ လဲ ဆိုခဲ့ ပါတယ်။

Credit : Duwun



Follow us on