1. Home
  2. Myanmar News

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်အိမ်ကို လုံခြုံရေးပေးဖို့ စတင်

Myanmar News เม.ย. 21, 2559 view 1,667

ရန်ကုန်မြို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြံအမှတ် (၅၄) နေအိမ်ကို လုံခြုံရေးပေးဖို့ စတင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 7Day Daily ရဲ့ဖော်ပြချက်အရ တက္ကရိပ်သာလမ်းက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် (၅၄) နေအိမ် လုံခြုံရေးအတွက် ရဲကင်းတည်ဆောက်ဖို့ မြေနေရာတွေ စတင်သတ်မှတ်နေတာဖြစ်ပါတယ်။

မြေနေရာရှင်းလင်းမှုတွေကို ဧပြီ ၂၀ ရက်နေ့က စတင်ပြုလုပ်နေတာဖြစ်ပြီး ခြံတံခါးပေါက်ရဲ့ဘေးမှာ ငါးပေခွဲပတ်လည် ရဲကင်းနဲ့ ခြံတံခါးပေါက်ရဲ့ အရှေ့ဘက်ဘေးမှာ ဆယ်ပေပတ်လည် ရဲကင်းတို့ကို တည်ဆောက်ဖို့ မြေနေရာသတ်မှတ်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အိမ်ကို လုံခြုံရေးပေးဖို့ လုပ်ဆောင်နေတယ်ဆိုတာဟာ မှန်ကန်ကြောင်းနဲ့ ပြည်ထဲရေးက လုပ်ဆောင်မှာဖြစ်ပြီး ခွင့်ပြုချက်လည်း တောင်းထားပြီးဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှုးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားထားတယ်လို့ သိရပါတယ်။

http://www.duwun.com.mm/



Follow us on