1. Home
  2. Special or Others

ဂျပန်ရိုးရာ ဘော်ဒီ ဆူရှီ ( Body Sushi ) အလှ နှင့် ဖြစ်ပေါ်လာပုံ

Special or Others เม.ย. 21, 2559 view 1,832

Nyotaimori လို့ ဂျပန်လိုခေါ်တဲ့ စားသောက်နည်းကို အင်္ဂလိပ်လို "Body Sushi" လို့ ခေါ်ပါတယ်။

အများအားဖြင့်က အမျိုးသမီးများရဲ့  ခန္ဓာကိုယ်ပေါ်မှာ ဂျပန်ဆူရှီတင်လို့ စားသောက်ခြင်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ရှေးယခင်ကတည်းက ခေတ်စားပြီး ဆူရှီအတင်ခံရမယ့် အမျိုးသမီး ဘော်ဒီကို သေချာ ဖော်စပ်ထားတဲ့ ဆေးတစ်မျိုးနဲ့ ရေအရင်ချိုးပေးရပါတယ်။

 ပြီးတော့မှ ဆူရှီတင်တာပါ။ ဆူရှိ အတင်ခံမယ့် အမျိုးသမီးတွေ ကိုလည်း အရင်ဆုံး ကိုယ်လုံးတီး အဝတ်ဗလာနဲ့ မလှုပ်မယက် တစ် နာရီလောက် အိပ် နိုင်အောင် လေ့ကျင့်ပေးရ ပါသေးတယ်။

ဒါ့အပြင် အေး တဲ့ အစားအသောက်များ တင်တဲ့အခါ မယားတတ်အောင် လည်း လေ့ကျင့် ရပါသေးတယ်။ အဲဒါတွေ ပြီးပြီဆို မှ ဘော်ဒီဆူရှီ အတွက် ဧည့်ခံတာ ဖြစ်ပါ တယ်။

ဂျပန်နိုင်ငံမှာတင် မဟုတ်တော့ပဲ ကမ္ဘာတစ်လွှား အထိ ရေပန်းစားလာခဲ့ပြီး အချို့ နိုင်ငံတွေမှာတော့ တရားမဝင်တဲ့ လုပ်ရပ် တစ်ခုအဖြစ် တားမြစ် ထားပါတယ်။

အချို့ နိုင်ငံကျတော့လည်း ခွင့်ပြုပေမယ့် အရည်အပြားပေါ်မှာ ပလပ်စတစ် အလွှာ တစ်ခု ခံတာမျိုးကို ပြုလုပ်စေပါတယ်။ ဘော်ဒီဆူရှီဟာ ဂျပန်နိုင်ငံမှာဆိုရင် နိုက်ကလပ်နဲ့ လောင်းကစားရုံ၊ စားသောက်ရုံတွေမှာ အင်မတန်ခေတ်စား၊ ရေပန်းစားတဲ့ ဆူရှီစား အလေ့အထ တစ်ခု ဖြစ်ကြောင်း သိရ ပါတယ်။


 



Follow us on