1. Home
  2. Myanmar News

စီအိုစီကစားရာမှ ညီအစ်ကိုဝမ်းကွဲနှစ်ဦး စကားများပြီး လူသတ်မှုဖြစ်

Myanmar News เม.ย. 21, 2559 view 1,666

တောင်ဥက္ကလာပမြို့နယ် (၄) ရပ်ကွက် သုတ (၈)လမ်းတွင် ညီအစ်ကိုဝမ်းကွဲနှစ်ဦး စီအိုစီ (COC) ဂိမ်းကစားရာမှ စကားများ ရန်ဖြစ်ကာ လူသတ်မှုဖြစ်ပွားခဲ့ ကြောင်း တောင်ဥက္ကလာပမြို့မရဲ စခန်းမှ ဒုရဲမှူး မြင့်လွင်သန်းက ပြောသည်။ ‘‘သူတို့နှစ်ယောက်က ညီအစ်ကိုဝမ်းကွဲတော်တယ်။

ဂိမ်းကစားရင် ရန်ဖြစ်ကြတာသေသွားတဲ့ တစ်ယောက်က ထိုင်ခုံနဲ့ ရိုက်မယ်လုပ်တယ်။ အခုလူသတ်မှုကျူးလွန်တဲ့သူက အိမ်ပေါ်တက်ပြီး တံစဉ်းယူလာတယ်။ အောက်ရောက်တော့ ခုံနဲ့ရိုက်မယ့်သူကို ထိုးလိုက်တယ်။ ရင်အုံကို ထိုးမိသွားတယ်’’ဟု ဒုရဲမှူး မြင့်လွင်သန်းက ပြောသည်။

တံစဉ်းဖြင့်ထိုးခံရသူ အောင် ကိုကိုဦး အသက် (၂၃)နှစ်အား ရရှိခဲ့သည့် ဒဏ်ရာကြောင့် စံပြပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့သော်လည်း သေဆုံးခဲ့သည့်အတွက် ပြစ်မှုကျူးလွန်သူ နိုင်ဝင်း ထွန်း အသက် (၂၂) နှစ်ကို ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေး နေကြောင်း တောင်ဥက္ကလာပမြို့ မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ပြစ်မှုကျူးလွန်သူကလည်း ထွက်မပြေးပါဘူး။ စခန်းကို အ ကြောင်းကြားချိန်မှာ ထိုးခံရတဲ့သူ က လမ်းပေါ်မှာလဲကျနေတယ်။ ထိုးတဲ့သူကလည်း သူ့အိမ်ပေါ်မှာ ပဲရှိပါတယ်။ သက်သေခံပစ္စည်းနဲ့ တကွ အဖမ်းခံပါတယ်။ မူလက နာကျင်စေမှုနဲ့ ဖွင့်ထားပေမယ့် သေဆုံးသွားတဲ့အတွက် လူသတ်မှုနဲ့ အမှုပြန်လည်ဖွင့်လှစ်ပြီး စစ်ဆေးနေပါတယ်’’ဟု ၎င်းက ပြောသည်။

http://www.7daydaily.com/



Follow us on