1. Home
  2. Special or Others

မုံရွာမြို့တွင် ထမင်းပေါင်းအိုး တည်ရာမှ ပေါက်ကွဲမှုဖြစ်ပွား လူတစ်ဦး သေဆုံး

Special or Others เม.ย. 21, 2559 view 1,609

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရုံးကြီးရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်ရှိ အားကာ တိုက်တန်း အခန်းအမှတ်(၄၁/၄၂) ရှင်းစိမ်း ရှမ်းထမင်းဆိုင်တွင် ဧပြီလ(၂၀) ရက်နေ့ နံနက်(၉)နာရီအချိန်က ထမင်း ပေါင်းအိုး တည်ရာ မှ ပေါက် ကွဲမှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရှင်းစိမ်း ရှမ်းထမင်းဆိုင်ပိုင်ရှင် ဦးသိန်းနိုင်၊ အသက်(၃၅)နှစ်(ဘ) ဦးစိုင်းရီ မှတ်ပုံတင်အမှတ် ၁/မညန(နိုင်)၀၇၆၉၅၀ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့နေ သူသည် နံနက်(၉)နာရီခန့်က တစ်ဦးတည် ဆိုင်၏ အနောက်ဖက် ကပ်လျက်နှင့် ပြည်သူ့ အားကစားကွင်း ကာယလေ့ကျင့်ခန်းမကြားတွင် ထင်းမီး အသုံးပြု၍ ရေနွေးငွေ့ ဘွိုင်လာစနစ်ဖြင့် ထမင်းပေါင်းနေစဉ် အမြင့်(၅)ပေ၊ ရေ (၁၅)ဂါလံဆံ့ ရေနွေးဘွိုင်လာအိုးမှာ အပူချိန် လွန်ကဲပြီး ပေါက် ကွဲမှု ဖြစ်ပွား ခဲ့ရာ ရေနွေးငွေ့ဘွိုင်လာအိုးမှာ တစ်စဆီ ကွဲထွက်လွင့်စင်သွားပြီး၊ အနီးရှိ ကာယလေ့ကျင့်ခန်း၏ နံရံသံဇကာများ တွန့်လိမ်ချိုင့်ဝင်သွားခဲ့ပြီး အဆိုပါ ပေါက် ကွဲမှုကြောင့် ဦးသိန်းနိုင်တွင် ဦးခေါင်းပွင့်ထွက်၊ ဗိုက်ပေါက်အူထွက်၊ ယာလက်ကျိုးပြတ် ဒဏ်ရာများ ရရှိခဲ့ပြီး သေဆုံး ခဲ့ပါသည်။

ထို့အပြင် ကာယလေ့ကျင့်ခန်းမတွင် အားကစားလေ့ကျင့်နေသူ ကိုမင်းသန့်ထင် (ဘ) ဦးထင်မြတ် ရုံးကြီး ရပ်ကွက် မုံရွာမြို့နေသူတွင် မှန်စများ ထိ၍ နှာခေါင်းပြတ်ရှ၊ ယာလက်ခလယ် ပြတ်ရှ၊ ယာဒူးပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ကြောင်း မြို့မရဲစခန်းထံမှ သိရှိရသည်။ ဖြစ်စဉ်ဖြစ်ပွားရာသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်၊ မုံရွာမြို့မ ရဲစခန်းမှ တာဝန်ရှိသူများ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကနဦး သတင်းရရှိပါသည်။

http://www.thithtoolwin.com/



Follow us on