1. Home
  2. Special or Others

ကော်ဖီက အသည်းရောဂါဖြစ်မှု လျော့ကျပြီး ကိုလက်စထရော နည်းစေနိုင်

Special or Others เม.ย. 22, 2559 view 1,671

တစ်နေ့လျှင် ကော်ဖီ ၆ ခွက် သောက်ခြင်းက အသည်းရောဂါ ဖြစ်ပွားမှုကို လျှော့ချနိုင်ကြောင်း သုတေသနတစ်ခုက ဆိုပါတယ်။ ကမ္ဘာတစ်ဝန်း အဝလွန်သူ များပြားလာမှုနဲ့အတူ အသည်းအဆီဖုံးတဲ့ ကျန်းမာရေးပြဿနာများလည်း ရှိလာပါတယ်။ အသည်းအဆီဖုံးခြင်းက လူ့အသက်ကို အန္တရာယ်ပြုနိုင်တဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ရှားပါးတဲ့ ဖြစ်ရပ်ဖြစ်ပေမဲ့ အရက်မသောက်ဘဲ အသည်းအဆီဖုံးရောဂါ ဖြစ်ပွားသူတွေဟာ အဝလွန်မှုကြောင့်လို့ တွေ့ရှိလာရပါတယ်။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ လူနေမှုဘဝပုံစံနဲ့ အစားအသောက်တွေကြောင့် ဗြိတိန်မှာ လူငါးဦးလျှင်တစ်ဦးနဲ့ အမေရိကန် သုံးပုံတစ်ပုံဟာ အသည်းအဆီဖုံးရောဂါ ကနဦးအဆင့် ဖြစ်နေပါတယ်။ ယခု အသစ်တွေ့ရှိတဲ့ သုတေသနရလဒ်အရ ကော်ဖီသောက်ခြင်းက အရက်မသောက်ဘဲ ဖြစ်ပွားတတ်တဲ့ အသည်းအဆီဖုံးရောဂါကို ကာကွယ်နိုင်ကြောင်း သိရပါတယ်။ သုတေသီတွေက ကြွက်များဖြင့် လေ့လာစမ်းသပ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သုတေသီတွေရဲ့ တွေ့ရှိချက်အရ ကြွက်တွေကို အဝလွန်စေတဲ့ အစားအစာတွေကို နေ့စဉ်ကျွေးမွေးထားပေမဲ့ ၎င်းတို့ကို ကော်ဖီလည်း နေ့စဉ်တိုက်ကျွေးပါက အသည်းအဆီဖုံးရောဂါ ဖြစ်ပွားမှု လျော့နည်းတယ်လို့ ဆိုပါတယ်။

ကြွက်တွေကို တိုက်ကျွေးတဲ့ ကော်ဖီပမာဏဟာ လူတစ်ယောက်အတွက် ၆ ခွက်စာဖြစ်တယ်လို့ ဆိုပါတယ်။ ကော်ဖီ သောက်ခြင်းက Zonulin ပရိုတိန်းဓာတ်ကို မြင့်တက်စေပြီး အစာခြေစနစ်ကို ကောင်းမွန်စေကာ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်တွေကို စစ်ထုတ်ဖယ်ရှားပေးနိုင်ကြောင်း သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ဒါ့ပြင် ကော်ဖီသောက်ခြင်းက အခြား အစားအသောက်တွေထက် ကိုလက်စထရော ပမာဏလည်း နည်းပါးကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ အီတလီနိုင်ငံ နာပိုလီတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ယခု သုတေသနကို ပြုလုပ်ခဲ့တာဖြစ်ပြီး ဧပြီ ၁၄ ရက်နေ့က စပိန်နိုင်ငံ ဘာစီလိုနာမှာ ကျင်းပခဲ့တဲ့ Liver Congress မှာ ၎င်းတို့ရဲ့ တွေ့ရှိချက်ကို တင်ပြခဲ့ကြောင်း သိရပါတယ်။

http://www.duwun.com.mm/



Follow us on