1. Home
  2. Movie Stars - Celebrity

ဒုတိယအကြိမ် People က အလှဆုံးအမျိုးသမီးအဖြစ်ဖော်ပြခဲ့တဲ့ အသက်၄၇နှစ်အရွယ် Aniston

Movie Stars - Celebrity เม.ย. 22, 2559 view 1,539

ထိုင်ဝမ်မီဒီယာ “China Times” ၏ဧပြီ ၂၁ ရက် ဖော်ပြချက်အရအမေရိကန် နာမည်ကျော် “People”ဂျာနယ်၏ “၂၀၁၆ အလှဆုံးအမျိုးသမီး” ဖော်ပြချက်တွင် အသက် ၄၇နှစ်အရွယ်ရှိ Jennifer Aniston မှာ၁၂နှစ်တာကွာခြားပြီးနောက် ဒုတိယကြိမ် အဖြစ် ပထမနေရာတွင် ထပ်မံဖော်ပြခံခဲ့ရသည်။

ထိုစာရင်းတွင် “Hot Pursuit” မှ Reese Witherspoon၊ Sophia Vergara၊ဂျပ်စတင်းဘီဘာ နှင့် ခွဲလိုက်ပေါင်းလိုက်ဖြစ်နေသည့် အမျိုးသမီးအဆိုတော်သရုပ်ဆောင် Selena Gomez၊Countryသီချင်းအဆိုတော် Carrie Underwood၊အာဖရိကနွယ်ဖွားသရုပ်ဆောင် Meagan Good တို့ပါထည့်သွင်းဖော်ပြခံခဲ့ရသည်။

ရုပ်သံဇာတ်လမ်းတွဲ Friends ဖြင့်နာမည်ရခဲ့သောJennifer Aniston သည် ထိုဇာတ်လမ်းတွဲ၏နောက်ဆုံးအပိုင်းတွင် “၂၀၀၄ခုနှစ် အလှဆုံးအမျိုးသမီး” ဘွဲ့ ကိုရရှိခဲ့ပြီးယခုအခေါက်သည် သူမ၏ဒုတိယအကြိမ်မြောက်အဖြစ် People ဂျာနယ်၏ အလှဆုံးအမျိုးသမီးစာရင်းတွင်အလှဆုံးဘွဲ့ကိုဆွတ်ခူးရရှိခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၏ အလှဆုံးအမျိုးသမီးအဖြစ်ဖော်ပြခံခဲ့ရသူမှာအော်စကာဆုရသရုပ်ဆောင် Sandra Bullock ဖြစ်ပါသည်။

Credit:Duwun



Follow us on