1. Home
  2. Special or Others

မြန်မာနိုင်ငံနယ်နမိတ်ရခိုင်ပင်လယ်ထဲက မောင်းသူမဲ့ လေယာဉ်တစ်စီးတွေ့ရှိခြင်း

Special or Others เม.ย. 23, 2559 view 1,748

၂၀၁၆ ဧပြီ ၂၂ ရက်နေ့ ရခိုင်ပြည်နယ်၊ ဂွမြို့ ရဟိုင်ကူးတို့ရွာရှိ ရေလုပ်သားများမှ ပင်လယ်ပြင်တွင်း ပျက်စီးမျောပါနေတဲ့ မောင်းသူမဲ့ လေယာဉ် UAV တစ်စီးကို တွေ့ရှိခဲ့ရပါတယ်။ ၄င်းမောင်းသူမဲ့လေယာဉ် UAV ယာဉ်အား နေထိုင်ရာရွာသို့ယူဆောင်လာပြီး ပြသထားပါတယ်။

၎င်းမောင်းသူမဲ့ UAV ယာဉ်ဟာ မိုင် ၁၀၀ အတွင်း လောက်သာ ပျံသန်းနိုင်တဲ့အတွက် ဒီအရာဝတ္ထုဟာ အိန္ဒိယနိုင်ငံလုပ် ( သို့ ) ဘင်္ဂလားဒေ့ရှ်နိုင်ငံလုပ် မောင်းသူမဲ့ လေယာဉ်တစ်ခု ဖြစ်နိုင်တယ် လို့ ယူဆရပါတယ်။ ၄င်းယာဉ်သည်စစ်ဖက်သုံးလား မိုးလေဝသအတွက်အသုံးပြုသောယာဉ်လား ဆိုတာတော့မသိရှိသေးပါဘူး။

Credit ; သတင်းစုံ



Follow us on