1. Home
  2. Myanmar News

Junction Square မှ အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားမှု

Myanmar News เม.ย. 25, 2559 view 1,795

ဧပြီ ၂၄ ရက် ညနေ ၅ နာရီ ခန့်တွင် Junction Square ဈေး ဝယ်စင်တာလျှောက်လမ်း၌ ဖြစ်ပွားခဲ့သည့် အဆိုပါအမှုတွင် အသက်(၂၃)နှစ်အရွယ် အမျိုးသား အား  ကတ်ကြေးဖြင့် ထိုးခဲ့သော အသက်(၁၈)နှစ်အရွယ် အမျိုး သား၏ မိန်းကလေးသူငယ်ချင်း အသုံးပြုနေသည့် ဖေ့စ်ဘွတ်ခ်စာ မျက်နှာသို့ ညစ်ညမ်းဗီဒီယိုဖိုင်များ ပို့ခဲ့သဖြင့် မကျေနပ်ရာမှ အဖွဲ့လိုက် ရန်ဖြစ်ကြကြောင်း ကမာရွတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘နှစ်ဖက်စလုံးက အဖွဲ့လိုက် Junction Square ကို လာကြ တယ်။ သူတို့အဖွဲ့တွေမှာ ကောင် မလေးတွေလည်း ပါတယ်။ အဖွဲ့လိုက် ရန်ဖြစ်ရာကနေ တစ် ယောက်က အိမ်က ယူလာတဲ့ ဆံပင်ညှပ်တဲ့ ကတ်ကြေးနဲ့ ထိုး တယ်။ ထိုးခံရတဲ့သူကတော့ မျက် နှာမှာ ပြတ်ရှဒဏ်ရာ တစ်ချက်ရ တယ်။ အခု ဆေးရုံသွားပြီး ဆေး စာယူနေတယ်။ ဒဏ်ရာကတော့ မကြီးဘူး။ ခြစ်မိရုံလောက်ပါပဲ’’ ဟု ၎င်းကပြောသည်။

၂၀၁၆ အတွင်း ဈေးဝယ်စင် တာများတွင် ပြစ်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်က တော် ဝင်စင်တာ ပထမထပ်၌ ဓားထိုးမှု ဖြစ်ပွားခဲ့ပြီးနောက် ဧပြီ ၆ ရက် နံနက်တွင် ဒဂုံစင်တာ(၁) ဒုတိယ အလွှာ၌ အမျိုးသမီးတစ်ဦးကို ကတ်ကြေးဖြင့် အချက်များစွာ ထိုးခဲ့သည့်အမှုဖြစ်ပွားခဲ့သည်။

‘‘အခု ကတ်ကြေးနဲ့ထိုးခံရတဲ့ တစ်ယောက်ကို စစ်တော့ သူ့မှာ ဖုန်းလည်းမရှိဘူး။ ဖေ့စ်ဘွတ်ခ် လည်း မသုံးဘူးပြောတယ်။ ထိုးတဲ့သူကတော့ သူ့ကောင်မလေးကို ညစ်ညမ်းဗီဒီယိုတွေပို့လို့ ထိုးရ တယ်ပြောတယ်။ အမှုက စစ်နေ တုန်းဖြစ်လို့ ဘယ်သူအမှန်ပြော လဲဆိုတာ မသိသေးဘူး။ ရန်ဖြစ် တဲ့နှစ်ဖွဲ့စလုံးကိုတော့ ဖမ်းမိထား ပါတယ်’’ဟု ကမာရွတ်မြို့မရဲစ ခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။

ကတ်ကြေးဖြင့် ထိုးခံရသည့် လူငယ်မှာ အသက်(၂၃)နှစ်ရှိကာ အင်းစိန်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ကတ်ကြေးဖြင့် ထိုးခဲ့သည့် အသက် (၁၈)နှစ်အရွယ်  လူငယ်သည် ဗဟန်းမြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း သိရ သည်။



Follow us on