1. Home
  2. Myanmar News

မြန်မာက အရှေ့တောင်အာရှမှာ ယာဉ်မတော်တဆမှု အများဆုံးဖြစ်နေ

Myanmar News เม.ย. 25, 2559 view 1,578

မြန်မာနိုင်ငံမှာ ယာဉ်မတော်တဆမှုတွေနဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် တစ်နေ့ကို လူ ၁၁ ယောက်လောက် သေဆုံးနေကြတာကြောင့် မြန်မာနိုင်ငံက လမ်းတွေဟာ အရှေ့တောင်အာရှမှာ အန္တရာယ် အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

''လမ်းမကြီးတွေမှာ ယာဉ်အန္တရာယ်ကင်ရှင်းပြီး ဘေးကင်းလုံခြုံဖို့နဲ့ ယာဉ်တိုက်မှုလျှော့ချရေးက နေ့စဉ်လမ်းအသုံးပြုနေတဲ့ ခရီးသွားပြည်သူတွေ၊ ယာဉ်မောင်းတွေ၊ လမ်းလျှောက်သူတွေအပေါ်မှာ အများကြီးမူတည်တယ်"လို့ အီတလီနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ယာဉ်မတော်တဆမှုနဲ့ သေဆုံးမှုလျှော့ချရေး NGO အဖွဲ့ ဒါရိုက်တာ ဇီတာ ရှိလီကန်က ပြောပါတယ်။ ကားတင်သွင်းတဲ့ စည်းကမ်းတွေ ဖြေလျှော့လိုက်တာကလည်း ပြည်တွင်းမှာကားတွေများလာပြီး ယာဉ်ကြော ပိတ်ဆို့မှုတွေ၊ ယာဉ် အန္တရာယ်၊ လမ်း အန္တရာယ်တွေ ပိုများလာတာပါ။

အတွေ့အကြုံမရှိဘဲ ကားဝယ်စီးနိုင်တဲ့ ယာဉ်မောင်း အမျိုးသား၊ အမျိုးသမီးတွေ များလာတာက အန္တရာယ်ရဲ့ အစိတ်အပိုင်းတစ်ခုမှာ အဓိကပါဝင်နေတယ်လို့ လမ်းမများ ဘေးကင်းလုံခြုံရေးလှုပ်ရှားမှုဆိုင်ရာ အီတလီနိုင်ငံ INGO ဌာနေကိုယ်စားလှယ် ပီထရို ဖီအိုရီကပြောပါတယ်။

http://www.duwun.com.mm/



Follow us on