1. Home
  2. Special or Others

ကမ္ဘာ့အနက်ရှိုင်းဆုံး ရေကူးကန်

Special or Others เม.ย. 25, 2559 view 1,640

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့က Nemo 33 ဆိုတဲ့ ရေကူးကန်ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အနက်ရှိုင်းဆုံး ရေကူးကန် ဖြစ်နေဆဲပါ။ ရေကန်ရဲ့အနက်က ၁၁၃ ပေ ရှိပြီး ရေဖြည့်မယ်ဆို ဂါလန်ပေါင်း ၆၀၀,၀၀၀ ဖြည့်ရမှာ ဖြစ်ပါတယ်။ ဒီအနက်ဟာ နှစ်ထပ်ကား ၈ စီးရဲ့ အလျားနဲ့လည်း တူညီပါတယ်။ Nemo 33 ကန်ထဲက ရေတွေကိုလည်း ကလိုရင်း ခတ်မထားပါဘူး။

Spring Water လို့ခေါ်တဲ့ ရေတစ်မျိုးကိုသာ အပူချိန် ၃၀ ဒီဂရီမှာ တသမတ်တည်း ရှိနေအောင် သိုလှောင်ထိန်းသိမ်းထားတာပါ။ ရေကန်ထဲမှာ ဒိုင်ဗင်ထိုးလို့ ရပေမယ့် အကန့်အသတ်နဲ့ပါ။ ဒိုင်ဗင်သမားတွေဟာ ဒီရေကန်ကိုလာပြီး သူတို့ရဲ့ ဒိုင်ဗင်လေ့ကျင့်ခန်းတွေ ပြုလုပ်ကြပါတယ်။ အသက် ၁၅ နှစ်အောက် ကလေးတွေကိုတော့ ရေအနက် ၁၂ မီတာထက် ကျော်လွန်ပြီး ဒိုင်ဗင်ထိုးခွင့်မပြုထားပါဘူး။ အရွယ်ရောက်ပြီးသူ ဒိုင်ဗင်သမားတွေအတွက်တော့ ရေအနက်အလိုက် အဆင့်ဆင့် ပြထားပါတယ်။

http://www.duwun.com.mm/



Follow us on