
ကြည့်မြင်တိုင်မြို့နယ်၊ ဦလူနီလမ်း၊ အိမ်အမှတ် ၂၀ တွင် ဧပြီ ၂၆ ရက်နေ့ နံနက်ပိုင်း ၁၀နာရီ ၅မိနစ်ဝန်းကျင်က ဓားပြတိုက်ကာ ဓားစာခံခေါ်ဆောင်မှု တစ်ခုဖြစ်ပေါ်ခဲ့သည်။
အိမ်အမှတ် (၂၀)မှာ ဒေါက်တာဦးရွှေပြည် ၊ ဇနီး ၊ သား ဖြစ်သူ၊ သမီးသော်တာအောင် အသက်(၆)နှစ် ဖြင့်အိမ်အကူတို့ နေထိုင်ကြစဉ် အမည်မသိ အမျိုးသားတစ်ဦးက အိမ်ထဲမှာ တိတ်တဆိတ် ၀င်ရောက်နေပြီး အသက် (၆)နှစ် ၀န်းကျင်ရှိတဲ့ သမီးဖြစ်သူ မသော်တာအောင် ကို ဓားထောက်ကာ သိန်း (၅၀)တောင်းခဲ့ ကြောင်း ဖခင်ဖြစ်သူ ဒေါက်တာရွှေပြည်က သမီးငယ်ကို လွှတ်ပေးဖို့ပြောပြီး သိန်း(၅၀)ပေးလိုက်ရာ ဖခင်နှင့် သမီးငယ်ကိုပါ ဓားထောက် ခြိမ်းခြောက်ကာ ဒေါက်တာ ရွှေပြည်ကို ကားမောင်းခိုင်းပြီး ဓားစာခံအဖြစ် ခေါ် သွားခြင်း ဖြစ်ကြောင်း သိရသည်။ Credit:Mizzima
.jpg)

comment