1. Home
  2. Special or Others

မြန်မာကျပ်ငွေ ၁၂၀၀ ကျော်ရဖို့ သုံးကြိမ် ဓားပြတိုက်ခဲ့ရတဲ့ အမျိုးသား

Special or Others เม.ย. 27, 2559 view 1,668

မြန်မာကျပ်ငွေ ၁၂၀၀ ကျော်( တရုတ်ယွမ်ငွေ ၇.၇ ယွမ်) ရဖို့အတွက် လူတစ်ဦးဟာ ရှန်ဟိုင်းမြို့မှာ လူသုံးဦးကို ဓားပြတိုက်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ ပထမဆုံးအကြိမ်အနေနဲ့ အဆိုပါအမျိုးသားဟာ ဟင်းသီးဟင်းရွက်လှီးတဲ့ဓားကို ကိုင်ဆောင်ပြီး အာမခံ ကုမ္ပဏီကို ဓားပြဝင်တိုက်ဖို့ ကြိုးစားတာပါ။ ဒါပေမယ့် အဲဒီကုမ္ပဏီမှာ လုံခြုံရေးတွေ ရှိနေတဲ့အတွက် အဆင်မပြေခဲ့ပါဘူး။ ဒုတိယအကြိမ်အနေနဲ့ စူပါးမားကတ်ထဲကို ဝင်ပြီး ပိုက်ဆံလုဖို့ ကြိုးစားခဲ့ပြန်ပါတယ်။ ကံမကောင်းစွာနဲ့ ဒီတစ်ခါလည်း မအောင်မြင်ခဲ့ပါဘူး။

သူကတော့ အချိန်မီ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ တတိယအကြိမ်အဖြစ် ဟင်းသီးဟင်းရွက်ရောင်းတဲ့ဆိုင်ထဲမှာ ဓားကိုထုတ်ပြပြီး ခြိမ်းခြောက်ရာမှာတော့ အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသမီးတစ်ဦးဆီက သူရလိုက်တဲ့ ပိုက်ဆံက ၇.၇ ယွမ်သာဖြစ်ပါတယ်။ ဒါဟာ မြန်မာငွေ ၁၂၀၀ ကျော်သာ ရှိတဲ့ ငွေပမာဏပါ။ ကံမကောင်းစွာနဲ့ သိပ်မကြာခင်မှာပဲ ရှန်ဟိုင်းရဲတပ်ဖွဲ့က အဆိုပါအမျိုးသားကို ဖမ်းဆီးရမိခဲ့ပါတယ်။

 



Follow us on