
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင်းရှိသည့် အင်းလေးကန်အတွင်း ရေခမ်းခြောက်မှုများဖြစ်ပေါ်နေပြီး ၂၀၁၀ ခုနှစ်က ဖြစ်ပွားခဲ့သည့်အခြေအနေထက် ပိုမိုဆိုးရွားနေကြောင်း အင်းလေးကန် ထိန်းသိမ်းရေးနှင့် လေ့လာစောင့်ကြည့်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် စိမ်းလှနန္ဒာအသင်း ဥက္ကဋ္ဌ ၊စိုက်ပျိုးရေးပညာရှင် ဦးသာဒိုး ကပြောသည်။
အင်းလေးကန်အတွင်း ရေကျမှုနှုန်းမြင့်မားလာခြင်းကြောင့် သွားရေးလာရေးခက်ခဲမှုများဖြစ်ပေါ်လျက်ရှိပြီး အထူးသဖြင့် အင်းတောင်ပိုင်းရှိ ကျေးရွာ၂၀ ကျော်တွင် အဆိုးဆုံး အခြေအနေဖြစ်ပေါ်နေသည်။ အင်းလေးကန် တောင်ဘက်ခြမ်းရှိ အင်းပေါခုံကျေးရွာ၊ မင်းချောင်း၊ လင်းကင်း၊ သပြေပင်၊ ထုံးလည်၊ ရွာမ၊ မိန်းဟိုး၊ ရေ၀န်းအပါအ၀င် ကျေးရွာပေါင်း ၂၀ ကျော်သည် ရေ ခန်းခြောက်မှုဒဏ်အများဆုံးခံစား နေရပြီး အင်းအလယ်ပိုင်းရှိ ကျေးရွာကြီးတစ်ခုဖြစ်သည့် ဟဲယာရွာမရွာတွင်လည်း ယာယီရေတားဆည်များပြုလုပ်ပြီးသွားလာနေကြရသည်။
.jpg)
.jpg)
.jpg)
credit: 7day dailay
comment