1. Home
  2. Movie Stars - Celebrity

ဝဝဖိုင့်ဖိုင့် ဘဝမှ အောင်မြင်တဲ့ ဆက်ဆီ မော်ဒယ်တစ်ဦး ဖြစ်လာသူ

Movie Stars - Celebrity เม.ย. 28, 2559 view 1,767

ဆယ်ကျော်သက်ဘဝတုန်းက မော်ဒယ်ဖြစ်ချင်ခဲ့ပေမဲ့ ခန္ဓာကိုယ်မှာ အဆီပိုတွေရှိနေလို့ ဆိုတဲ့ အကြောင်းပြချက်ကြောင့် မစ္စလောရင့်စ်ဟာ အနိုင်ကျင့်ခံခဲ့ရဖူးပါတယ်။ သူမရဲ့ တင်ပါးဟာ ဝဖြိုးသူ တစ်ယောက်လို ကြီးလွန်းနေတယ်လို့ ဆိုပြီး မော်ဒယ်အေဂျင်စီက အထုတ်ခံခဲ့ရဖူးသူပါ။ အဲဒီလို အထုတ်ခံခဲ့ရပြီးတဲ့နောက် ဒီခန္ဓာကိုယ်အချိုးအစားနဲ့ပဲ အောင်မြင်သူ မော်ဒယ်တစ်ဦး ဖြစ်အောင်လုပ်မယ်လို့ လောရင့်စ်က ဆုံးဖြတ်ခဲ့ပါတယ်။

အခုတော့ သူမရဲ့ ရည်မှန်းချက်တွေ တကယ် ဖြစ်လာခဲ့ပါပြီ။ အနောက်တိုင်းမှာဆိုရင်တော့ plus-size လို့ ခေါ်ကြတဲ့သူမရဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းပြီး အခုတော့ ဗြိတိန်မှာ အတော်အသင့် အောင်မြင်တဲ့ မော်ဒယ်တစ်ဦးဖြစ်လာပါပြီ။ သူမကို ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းတဲ့ ကုမ္ပဏီကတော့ အနည်းငယ်ပဲ ရှိပါသေးတယ်။

ထူးခြားချက်ကတော့ လောရင့်စ်ဟာ သူမရဲ့ သဘာဝဓာတ်ပုံတွေကို ဘာပြင်ဆင်တည်းဖြတ်မှုမှ မလုပ်ဘဲ အင်တာနက်ပေါ် တင်ရတာလည်း သဘောကျသူ ဖြစ်ပါတယ်။ အခုတော့ သူမရဲ့ ရည်မှန်းချက်အတိုင်း ဝဖြိုးတဲ့ ခန္ဓာကိုယ်နဲ့ပဲ မော်ဒယ်တစ်ဦး ဖြစ်နေပါပြီ။ Credit: Duwun



Follow us on