1. Home
  2. Special or Others

သေဆုံးသွားသည့် ကြောင်မဗိုက်အတွင်းမှ ခွဲထုတ်မွေးခဲ့ရသည့် ချစ်စရာကြောင်ငယ်လေး ၆ကောင်

Special or Others เม.ย. 28, 2559 view 1,705

ဇီးရှိတဲ့ ကြောင်မလေး တစ်ကောင်ဟာ ချုံကျင့်မြို့လယ်ရှိလမ်းမပေါ်မှာ ကားတိုက်ခံရမှုကြောင့် သေခါနီး ဖြစ်နေပါတယ်။ဒါကို တိရိစ္ဆာန်ဆရာဝန် ယမ်ဟွမ်းကတွေ့ခဲ့ပြီး သွားရောက်ကြည့်တဲ့အခါ ၀မ်းဗိုက်အတွင်း သန္ဓေသားတွေ အသက်ရှိနေတဲ့ လက္ခဏာများကိုမြင်တွေ့ခဲ့ရပါတယ်။ .

ဒါကြောင့် ယမ်ဟာ အဆိုပါအသက်ကင်းမဲ့ခါနီးဖြစ်တဲ့ ကြောင်မကြီးကို ဆေးရုံသို့ခေါ်ဆောင်သွားရာ လမ်းမှာဘဲ ကြောင်မကြီး သေဆုံးသွားခဲ့ရပါတယ်။ ဆေးရုံရောက်တဲ့ အချိန်မှာတော့ ယမ်က အဆိုပါကြောင်မကြီးကို ဗိုက်ခွဲကာ ၀မ်းဗိုက်ထဲက ကြောင်ပေါက်စလေး ၆ ကောင်ကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ပါတယ်။

သနားစရာကောင်းလှတဲ့ အဆိုပါကြောင်ပေါက်စကလေး ၆ကောင်ကို ကယ်တင်ခဲ့တဲ့ ဆရာဝန်ယမ်က နို့မှုန့်တိုက်ကာ မွေးထားတယ်လို့ ဆိုပါတယ်။ ကံဆိုးပြီးမိခင်နဲ့ သေကွဲ ကွဲခဲ့ရပေမယ့် တစ်ဖက်မှာတော့ ကံကောင်းစွာနဲ့ သခင်ကောင်းရရှိခဲ့တဲ့ ကြောင်ပေါက်စလေးတွေအတွက်ကတော့ ၀မ်းသာကြည်နူး ကရုဏာသက်စရာပါ။ မိခင်နဲ့ သေကွဲ ကွဲ ခဲ့ ရတဲ့ ကြောင်ပေါက်လေးတွေ ဟာ တော်တော် လဲ ချစ်ဖို့ ကောင်းပါတယ်။ Credit : China.com



Follow us on