1. Home
  2. Special or Others

ခိုးစရာရှားလို့ အမျိုးသမီးဖိနပ်မှ ခိုးတဲ့သူ

Special or Others เม.ย. 28, 2559 view 1,736

တရုတ်နိုင်ငံအလယ်ပိုင်းဟူပေပြည်နယ်မှာ နေထိုင်တဲ့ အသက်၃၃နှစ်အရွယ် ယန်အမည်ရှိတဲ့ အမျိုးသားတစ်ယောက်ကို တရုတ်အာဏာပိုင်တွေက အမျိုးသမီးဖိနပ်အရံ၁၆၀ခိုးယူမှုဖြင့် ဖမ်းစီးခဲ့ပါတယ်။ တရုတ်ရဲတပ်ဖွဲ့အာဏာပိုင်မျာအနေနဲ့ ထူးထူးဆန်းဆန်း အမျိုးသမီးဖိနပ်တွေပျောက်ဆုံးနေတဲ့ အမှုကို၂၀၁၆ခုနှစ်ဧပြီကနေ စတင်ပြီး ကွင်းဆက်မပြတ်စုံစမ်းခဲ့တာပါ။

ထိုသို့စုံစမ်းမှုရလဒ်အဖြစ် လမ်းဘေးတစ်နေရာမှာ ဖိနပ်အရံပေါင်းမြောက်များစွာ အခြောက်ခံထားတာကိုတွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့်ရဲတပ်ဖွဲ့ဝင်များဟာ ဧပြီလ၁၈ရက်မှစတင်ကာ ယန်အမျိုးသားကိုပစ်မှတ်ထားစုံစမ်းခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ဝင်များစောင့်ကြည့်နေတုန်း ယန် ဖြစ်သူက နောက်ထပ်ဖိနပ်ခိုးယူမှုကို ကျူးလွန်သည်နှင့်တပြိုင်နက် ပစ္စည်းနှင့်တကွ လက်ပူးလက်ကြပ်ဖမ်းစီးခဲ့ပါတယ်။

အာဏာပိုင်များကဘာကြောင့် အမျိုးသမီးဖိနပ်များကိုခိုးယူရသလဲဟု မေးမြန်းခဲ့ရာမှာတော့ ယန်က အမျိုးသမီးများရဲ့ဖိနပ်အနံ့ကိုစွဲလမ်းခြင်းကြောင့်ခိုးယူခြင်းဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ Credit: China.Com



Follow us on