1. Home
  2. Special or Others

နေရောင်ကြောင့် ညိုမည်းတဲ့ အသားရေကို သဘာဝအလျောက် ပြန်လည်ဖြူဝင်းစေဖို့

Special or Others เม.ย. 28, 2559 view 1,632
နွေရာသီကာလအတွင်း နေပူခံလိမ်းဆေးလည်း မသုံး၊ တစ်ချိန်လုံး အပြင်ထွက်နေသူ ဖြစ်ပါက အသားပိုမည်းလာဖို့ သေချာနေပါပြီ။ ယင်းအသားညိုမည်းခြင်းကို သဘာဝအလျောက် ဖယ်ရှားပေးနိုင်တဲ့ နည်းတချို့ရှိနေပါတယ်။
 
သံပုယိုသီးနဲ့ နှင်းဆီပွင့်ဖတ်အရည်
 
 နှင်းဆီပွင့်ဖတ်တွေ ထည့်ထားတဲ့အရည် ထမင်းစားဇွန်း (၅) ဇွန်းနဲ့ သံပုရာရည် ထမင်းစားဇွန်း (၁) ဇွန်း ရောစပ်ထားတဲ့အရည်ကို ညအိပ်တဲ့အချိန်မှာ လိမ်ပေးပါ။ နောက်နေ့ မနက် ရေဖြင့် ပြန်ဆေးချပေးရပါမယ်။
 
နနွင်းမှုန့် နဲ့ သံပုရာ
 
နနွင်းမှုန့်နဲ့ သံပုရာ အရည်ပျစ်ပျစ်လေးက အံ့မခန်းဖွယ် စွမ်းဆောင်ပေးနိုင်ပါတယ်။
 
ဂျုံမှုန့်၊ နို့ နဲ့ သံပုရာ
 
ဂျုံမှုန့် ထမင်းစားဇွန်း (၁) ဇွန်းကို နို့ လက်ဖက်ရည်ဇွန်း (၂) နဲ့ ရောပါ။ သံပုရာရည် အစက်အနည်းငယ် ရောထည့်ပေးရပါမယ်။ ဒီအရောအနှောကို ဖြစ်တဲ့နေရာမှာ ၁၅ မိနစ်လိမ်းထားပြီးနောက် ရေဖြင့် ဆေးချပါ။
 
ခရမ်းချဉ်သီးနဲ့ သံပုရာရည်
 
ခရမ်းချဉ်သီးနဲ့ သံပုရာရည် ရောစပ်ထားတဲ့ဟာကို ညိုမည်းနေတဲ့နေရာမှာ မိနစ် ၂၀ ကြာ လိမ်းထားပေးရပါမယ်။ ပြီးနောက် ရေအေးနဲ့ ဆေးကြောပေးရပါမယ်။ အကောင်းဆုံးအကျိုးရလဒ် ရရှိဖို့အတွက် ၁၅ ရက်ကြာ ဆက်တိုက် လုပ်ဆောင်ပေးပါ။



Follow us on