1. Home
  2. Special or Others

လှိုင်သာယာ၌ အရွယ်မရောက်သေးသူအား အဓမ္မပြုကျင့်မှုဖြစ်ပွား

Special or Others เม.ย. 29, 2559 view 1,632

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့ နယ် အမှတ်(၂ဝ)ရပ်ကွက် သောင်ကြီးနယ်မြေ ရဲစခန်းအပိုင်တွင် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်တစ်ဦးကို အမျိုးသားတစ်ဦးက ဖြားယောင်း သွေးဆောင်ကာ တည်းခိုခန်းတစ်ခု၌ အဓမ္မပြုကျင့်မှု ယခုလ ၂၄ ရက်ကဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်မှာ တရားလို ဖြစ်သူ ဦး.... (၃၅နှစ်)သည် မင်းရဲကျော်စွာ(၁ဝ)လမ်း (၂ဝ)ရပ်ကွက် လှိုင်သာယာမြို့နယ် ရန်ကုန် မြို့နေသူနှင့် ဇနီးဖြစ်သူတို့နှစ်ဦးသည် ယခုလ ၂၄ရက်တွင် မိဘ များရှိရာ ကျိုက်လတ်မြို့သို့ရောက် ရှိနေစဉ်တူဖြစ်သူက တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ၄င်း၏သမီးဖြစ် သူသည် နေအိမ်သို့ပြန်မရောက်ဘဲ ပျောက်ဆုံးနေကြောင်း ဖုန်းသတင်းအရ နေထိုင်ရာအိမ်သို့ပြန်လည် ရောက်ရှိပြီး သမီးဖြစ်သူ၏တယ် လီဖုန်းသို့ဖုန်းဆက်သွယ်ခေါ်ယူရာ တယ်လီဖုန်းအား အိပ်ခန်းအတွင်း၌ ထားရှိခဲ့သည်။

အဆိုပါတယ်လီ ဖုန်းဖြင့် ဆက်သွယ်ထားသည့် တယ်လီဖုန်းအမှတ်၊ မက်ဆေ့တို့ အရ ဆက်သွယ်မှုပြုရာက သမီး ဖြစ်သူအား ချော့မော့ခေါ်ယူနိုင်ခဲ့ ကာ သောင်ကြီးနယ်မြေ စခန်းမှူး ရဲအုပ်ချစ်ကိုကိုထံ အမှုဖွင့်တိုင် ကြားခဲ့ရာ လုပ်ထုံးလုပ်နည်းနှင့် အညီ စုံစမ်းစစ်ဆေးမှုအရ မောင် လှမျိုး(ခ) ရှရပ်အမှတ်(၉၂ဝ/က) ဗိုလ်တေဇပတ်လမ်း(၂ဝ)ရပ်ကွက် လှိုင်သာယာမြို့နယ်နေသူက ဖုန်း မက်ဆေ့ဖြင့်သွေးဆောင်ဖြားယောင်း ကာ အမည်မသိတည်းခိုခန်းတစ်ခု တွင် ခိုးယူပေါင်းသင်းကာ သား မယားအဖြစ် နှစ်ကြိမ်ပြုကျင့်ခဲ့ သည်။ စစ်ဆေးပေါ်ပေါက်ချက်အရ ဖခင်ဖြစ်သူက တရားလိုပြုလုပ် အမှုဖွင့် တိုင်ကြားလာသဖြင့် သောင်ကြီးနယ်မြေ ရဲစခန်းမှ (ပ) ၂၆၃/၂ဝ၁၆ ပြစ်မှုပုဒ်မ၃၆၃/၃၇၆ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိ သည်။

Credit ; thithtoolwin.com



Follow us on