နန်းခင်ဇေယျာက ရေရှားပါးမှု ရင်ဆိုင်နေရတဲ့ ဒလမြို့နယ်မှာ ဧပြီလ ၂၈ရက်နေ့ မနက်က ရေကား ၅စီး သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ “တစ်ကမ္ဘာလုံးမှာ အယ်လ်နီညိုကြောင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲနေကြ ပါတယ်။ နေရာတော်တော်များများမှာ ရေရှားပါးမှုတွေဖြစ်ကြပါတယ်။ မြန်မာပြည်မှာလည်း အနယ်နယ် အရပ်ရပ်တိုင်းမှာလည်း ရေတွေ ရှားပါးနေပါတယ်။
နန်းခင်အနေနဲ့လည်း လက်လှမ်းမီသလောက် ရန်ကုန်တိုင်း ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် ပတ်လမ်းတစ်လျှောက်ရှိ နေအိမ်များသို့ ရေကားတစ်စီးလျှင် ရေဂါလန် (2800) ဆန့်သော ကား (5) စီး ဖြင့် သောက်သုံးရေများကို ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့ပါတယ်ရှင့် "လို့ နန်းခင်ဇေယျာက သူ့ဖေ့စ်ဘုတ်မှာ ပြောပြထားပါတယ်။
Credit ; သတင်းစုံ