1. Home
  2. Special or Others

ထောင်ထဲမှာလက်သည်းနီနဲ့မှန်ထားပေးဖို့တောင်းဆိုလိုက်တဲ့ Playboy Model

Special or Others เม.ย. 29, 2559 view 1,652

အရင်တုန်းက Playboy Modelဖြစ်ခဲ့ဖူးပြိး အခုလတ်တလောမှာတော့ ကလေးတွေကို ပြန်ပေးဆွဲမှုနဲ့ နယူးယောက်ထောင်ထဲမှာ ပြစ်ဒဏ်ကျခံနေရဲတဲ့ ဗီယက်နမ်မော်ဒယ် Angie Vu က သူမတို့နေရတဲ့ထောင်ခန်းတွေအတွက်မှန်နဲ့လက်သည်းနီပေးရန် ထောင်အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။ သူမကို လွန်ခဲ့တဲ့၆လလောက်တုန်းက လေဆိပ်မှာဖမ်းမိခဲ့တာဖြစ်ပါတယ်။ သူမရဲ့သမီး ၁၂နှစ်အရွယ်ကလေးနဲ့အတူတရုတ်ပြည်ကိုထွက်ပြေးဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။တကယ်တော့သူမပြန်ပေးဆွဲခဲ့တာက အခြားသူမဟုတ်ပါဘူး။သူမရဲ့ကလေးပဲဖြစ်ပါတယ်။

သူမရဲ့ခင်ပွန်းဖြစ်သူနဲ့ကွဲနေတာဖြစ်ပြီး ခင်ပွန်းဖြစ်သူ Richardက သမီးဖြစ်သူကိုထိန်းသိမ်းခွင့်ရရှိထားပါတယ်။ ဖခင်ဖြစ်သူက ပြင်သစ်မှာနေထိုင်ပြီး သမီးလေးကို မိခင်ဖြစ်သူနဲ့တစ်လခန့် အမေရိကန်မှာ နေဖို့လွှတ်ပေးလိုက်တာပါ။ ဒါကို မိခင်ဖြစ်သူက ၁လပြည့်ချိန်မှာ ကလေးကို ပြင်သစ်ပြန်မပို့ပဲ ဗီယက်နမ်ကိုတစ်နှစ်လောက်ခေါ်သွားမည်ဖြစ်ကြောင်း ခင်ပွန်းကို အကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် Richardကချက်ချင်းပဲအာဏာပိုင်တွေကို တိုင်ကြားမှုလုပ်ခဲ့လို့ Angie Vuကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။ သူမကိုလတ်တလော ထိန်းသိမ်းထားတာဖြစ်ပြီး အတည်ပြစ်ဒဏ်မချမှတ်ရသေးပါဘူး။

သူမက “ဒီနေရာကတော်တော်ဆိုးပါတယ်။ နေေ၇ာင်လည်းမရှီဘူး။ ကျွန်မအသားအရေတွေပျက်စီးကုန်လို့ Moisturiserလိုနေပါတယ်။ကျွန်မရဲ့Versaceဝတ်စုံကိုလွမ်းတယ်။ ပြီးတော့ ဒေါက်မြင့်ဖိနပ်ကိုလည်းလွမ်းပါတယ်။ ကျွန်မလက်သည်းတွေလည်း ပျက်စီးကုန်ပါပြီ။ ဒီထောင်ထဲမှာ မှန်လည်းမရှိပါဘူး။ ကျွန်မမှန်မကြည့်ရတာကြာနေပါပြီ။ ဒါဟာအရမ်းရက်စက်လွန်းပါတယ်”လို့ပြောကြားခဲ့ပါတယ်။

သူမဟာ ဒီထောင်ထဲမှာ ၆လအကြာအခြားသူအမျိုးသမီးထောင်သူတွေနဲ့ နေထိုင်နေရတာဖြစ်ပါတယ်။ သူမရဲ့ပြစ် ဒဏ်ဟာ ထောင်ဒဏ်၃နှစ်အထိကျခံရနိုင်ပါတယ်။ Credit: ShweMom

 



Follow us on