
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်၁၁တွင် စွမ်းGroup Express ယာဉ်တိမ်းမှောက် ခဲ့ပြီးခရီးသည် ၃၁ဦိးထိခိုက် ဒဏ်ရာ၇ရှိခဲ့ကြောင်း သတင်းရရှိသည်။ တိမ်းမှောက်ခဲ့သည့် စွမ်းGroup Express ယာဉ် ဧပြီ၂၉ရက် မနက်လေးနာရီကျော် အချိန်တွင်အမြန် လမ်းမိုင်တိုင်အမှတ်(၁၁) အရောက်တွင်အရှိန်မထိမ်းနိုင်ဘဲ လမ်းလယ်ကျွန်းနှင့် ဘေးကာလက်ရန်းကို ၀င်ရောက်တိုက်မိကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း အမှတ်(၃)လမ်းဆုံ ရဲစခန်းမှ ဒုရဲမှူး ခင်မောင်အေးကပြောသည်။ "အရှိန်မထိမ်းနိုင်လို့မှောက်တာပါ။
ယာဉ်ပေါ်ပါခရီးသည်အားလုံးကို လှည်းကူးပြည်သူ့ဆေးရုံကို ပို့ထားပေးတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ စိုးရိမ်ရတဲ့သူတွေတော့ မပါပါဘူး။ လွိုင်ကော်ကနေ ရန်ကုန်အလာမှာ မှောက်တာပါ။ ယာဉ်မောင်းကိုလည်း ဖမ်းဆီးရမိပါတယ်"ဟု ဒုရဲမှူး ခင်မောင်အေးကပြောသည်။ ယာဉ်တိမ်းမှောက်သည့် နေရာသို့အမြန်လမ်းရဲတပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ ဆောက်လုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများ လာရောက်ကူညီခဲ့ပြီး ထိခိုက်ဒဏ်ရာရှိခဲ့သည့် အမျိုးသား၁၆ဦးနှင့် အမျိုးသမီး ၁၅ဦးကို လှည်းကူးပြည်သူ့ဆေးရုံသို့ တင်ပို့ပေးခဲ့ကြောင်း သိရသည်။ တိမ်းမှောက်ခဲ့သည့် စွမ်းGroup Express ယာဉ်မှ ယာဉ်မောင်းငြိမ်းချမ်းကို အမှတ်၃လမ်းဆုံ ရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့်အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
Credit ; http://www.7daydaily.com/
comment