1. Home
  2. Movie Stars - Celebrity

Calvin Harrisနှင့် Rihanna တို့ရဲ့ သီချင်းသစ်

Movie Stars - Celebrity พ.ค. 02, 2559 view 1,600

စကော့တလန်ဒီဂျေသမား Calvin Harris နှင့် Rihanna တို့ ပူးပေါင်းသီဆိုထားသော “This Is What You Came For” တေးသီချင်းသစ် ဧပြီ ၂၉ ရက်တွင် ထွက်ရှိမည်ဆိုသော သတင်းက ပေါ့ပရိတ်သတ်များအတွက် နွေရာသီ အားလပ်ရက်များတွင် စိတ်ကျေနပ်မှုများရရှိစေခဲ့ပါတယ်။

Calvin Harris နှင့် Rihanna တို့နှစ်ဦးဟာ ၂၀၁၁ ခုနှစ်က နာမည်ကျော်ကြားခဲ့သော “We Found Love” တေးသီချင်းကို ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ယခုတစ်ကြိမ် ၎င်းတို့နှစ်ဦး အတူ တေးသီချင်းကို ပူးပေါင်းလုပ်ဆောင်ခြင်းသည် ဒုတိယ အကြိမ် ဖြစ်ပါတယ်။ DJ Calvin က Rihanna ပါဝင်သီဆိုထားသော တေးသီချင်းသစ် ဧပြီ ၂၉ ရက်တွင် ထွက်ရှိမည်ဖြစ်ကြောင်း ၎င်း၏ တွစ်တာစာမျက်နှာမှတစ်ဆင့် ကြေညာခဲ့တာလဲ ဖြစ်ပါတယ်။

Calvin နှင့် Rihanna တို့နှစ်ဦးသည် ၂၀၁၁ ခုနှစ်က “We Found Love” တေးသီချင်း ကို ပူးပေါင်းလုပ်ဆောင်ခဲံကြတုန်းကလဲကမ္ဘာတစ်ဝှမ်းရှိ တေးဂီတ ဇယားများ၌ ထိပ်ဆုံးနေရာတွင် ရောက်ရှိခဲ့ပြီး Calvin Harris ကို ကမ္ဘာတစ်ဝှမ်း ထင်ပေါ်ကျော်ကြား လာအောင် လုပ်ပေးခဲ့သည်။ Harris ဟာလွန်ခဲ့သည့်နှစ်နှစ်အတွင်း ကမ္ဘာပေါ်တွင် ကြေးအမြင့်ဆုံးရရှိသည့် ဒီဂျေသမား တစ်ဦး ဖြစ်လာခဲ့ပြီး ပွဲတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၆၆ သန်းရရှိခဲ့သည်။

” We Found Love” တေးသီချင်းသည် RiRi ရဲ့ Talk That Talk တေးအယ်လ်ဘမ်တွင် ပါဝင်ခဲ့ပြီး ယခုနှစ်နွေရာသီတွင် ဗြိတိန် နှင့် အိုင်ယာလန်တို့တွင် ဖျော်ဖြေပွဲများ လုပ်ဆောင်ရန် စီစဉ်နေကာ ဇွန် ၂၁ ရက်တွင် Aviva အားကစားကွင်းတွင် ဖျော်ဖြေပွဲစတင်သွား မည်ဖြစ်ပြီး လန်ဒန်ရှိ ဝင်ဘလေအားကစားကွင်း၊ ကွန်ဗန်ထရီမြို့နှင့် ဂလက်စကိုမြို့များတွင်လည်း ဖျော်ဖြေပွဲ ကျင်းပသွားမည်ဖြစ်သည့်အပြင် မန်ချက်စကာ၏ အိုးထရက်ဖို့ဒ် အားကစား၌ ဇွန် ၂၉ ရက်တွင် ဖျော်ဖြေပွဲကို အဆုံးသတ်သွားမည် ဖြစ်ပါသည်။

Calvin နဲ့ Rihanna တိုရဲ့ သီချင်းသစ်လေးကို နားထောင်ကြည့်လိုက်ကြပါအုံးနော် “We Found Love” တုန်းကလိုမျိုး အောင်မြင်တဲ့ သီချင်းဖြစ်လာမလားဆိုတာတော့ စောင့်ကြည့် ရအုံးမှာ ဖြစ်ပါတယ်။ Credit :Mizzima



Follow us on