ယခုနှစ်အတွက် ကျင်းပခဲ့တဲ့ ဘေကျင်းကားပြပွဲတွင် ကိုယ်တိုင်စိတ်ကြိုက် ပြန်လည်ဆင်ယင်ထားတဲ့ ခေတ်လွန်ဒီဇိုင်းနှင့် တန်ဖိုးကြီး ကားထူးဆန်း တစ်စီးကို ပွဲထုတ်ပြသသွားခဲ့ပါတယ်။ ပွဲထုတ်လိုက်တဲ့ဒီဇိုင်းဆန်းကားမှာ မျက်မှောက်ခေတ်တွင် မြင်တွေ့ဖူးတဲ့ကားများနှင့် သွင်ပြင်များစွာကွဲပြားပြီး ဂြိုလ်ကမ္ဘာမှာ လာတဲ့ယာဉ်တစ်စီးကဲ့သို့ ထူးထူးဆန်းဆန်းပုံဖမ်းထုတ်လုပ်ထားတာပါ။
တရုတ် ကားမွမ်းမံထုတ်လုပ်တဲ့ကုမ္ပဏီ IAT ကဖန်တီးလိုက်တာဖြစ်ပြီး ကားကြီးကို Karlman King လို့အမည်ပေးထားပါတယ်။ အမေရိကန်ထုတ် နာမည်ကျော် Ford F-Series SUV ကားကို အခြေခံပြီး အကြမ်းခံနိုင်ရန် ဘော်ဒီတစ်စီးလုံးကို သံချပ်ကာယာဉ် အဖြစ်မွမ်းမံကာ အတွင်းခန်းကိုလည်း ပိုမိုဇိမ်ခံနိုင်မှု မြင့်မားအောင် ငြိမ့်ညောင်းတဲ့ထိုင်ခုံဒီဇိုင်းသစ် ကိရိယာတန်စာပလာ အများအပြားထပ်မံပေါင်းစပ်ပြီး ရွှေရောင်လှိုင်းများဖြင့် ခန်းလုံးပြည့် အခမ်းနားဆုံး ဆင်ယင်ထားပါတယ်။ ပြန်လည်ဆင်ယင်တဲ့ကုမ္ပဏီရဲ့အမှတ်တံဆိပ်ကို ကားရဲ့ခေါင်းပိုင်းတွင်သာမက ကားကူရှင်နှင့် အတွင်းခန်းအနှံ့ကို တွေ့ရမှာပါ။
ကားရဲ့စွမ်းအားအတွက် Ford ထုတ် စွမ်းအားအမြင့်မားဆုံးဆိုသော မြင်းကောင်ရေအား 362 hp ပေးစွမ်းနိုင်တဲ့6.8 လီတာ Triton V10 အင်ဂျင်ကြီး ပြောင်းလဲဆင်ယင်ထားတာပါ။ ပြသလိုက်တဲ့ကားကြီးရဲ့တန်ကြေးမှာ ဒေါ်လာ 1.9 သန်း သတ်မှတ်ထားပြီး ယင်းထက်ပိုမိုမြင့်မားတဲ့ဈေးနှုန်းဖြင့်လည်း ရွေးချယ်သွားနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ ကုမ္ပဏီမှ ရှားပါး တန်ဖိုးကြီးကားအဖြစ် ဖန်တီးလိုတဲ့အတွက် စုစုပေါင်း အစီးရေ 10 သာ ကန့်သတ်ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့သိရှိရပါတယ်။Credit: Colay News