1. Home
  2. Special or Others

တက္ကသိုလ်ဘွဲ့ယူတဲ့ နေ့မှ အမေ့ကို ပြောပြတဲ့ သား

Special or Others พ.ค. 03, 2559 view 1,633

ဗြိတိန်နိုင်ငံ၊ စကော်တလန် မှာ နေထိုင်တဲ့ သားအမိ ဖြစ်ပါတယ်။ Liam Blair လို့ အမည်ရတဲ့ အသက် ၃၁ နှစ် ရှိပြီ ဖြစ်တဲ့ အမျိုးသားဟာ အမေ ဖြစ်သူကို ဘွဲ့ယူတဲ့ နေ့မှ သူ ကျောင်းတက်ခဲ့ကြောင်း ၀န်ခံ လို့ အံ့သြ မင်သက် စေခဲ့ ပါတယ်။ ပညာအရည်အချင်း ညံ့တဲ့ သား ကို ဘွဲ့ တစ်ခု ရလိမ့်မယ်လို့ အမေ ထင်မထား ပါဘူး။ ဒါ့အပြင် မိသားစု ငွေကြေး အခြေအနေလည်း ကျောင်းတက်ဖို့ အဆင်မပြေဘူးလို့ သိထားလို့ ဖြစ်ပါတယ်။

Liam Blair ကတော့ Perth မှာ ရှိတဲ့ ငါးစက်ရုံ တစ်ခုမှာ အလုပ်လုပ် နေတယ်လို့ပဲ အမေ ဖြစ်သူ Rhonda က သိပါတယ်။ Rhonda ကတော့ ၅၁ နှစ် ရှိပါပြီ။ လေးနှစ် စလုံး အလုပ်လုပ်ရင်း ကျောင်းပါ တွဲတက်တဲ့ Liam ဟာ နောက်ဆုံးတော့ စာမေးပွဲ အောင်မြင်ခဲ့ ပါတယ်။

ဘွဲ့ယူတဲ့ နေ့ကို ရောက်မှပဲ ဘွဲ့ဝတ်စုံ ၀တ်လို့ အမေ့ကို အိမ်မှာ အံ့အား သင့်အောင် ပြုလုပ်ခဲ့ ပါတယ်။ ဘွဲ့ရပြီးရင် သူရရှိမယ့် အလုပ်အကိုင် အခွင့်အလမ်း တိုးပွားမှာ ဖြစ်ကြောင့် မိသားစု ဘ၀ တိုးတက် ပြောင်းလဲသွားမှာလဲ အမှန်ပါပဲ။ ဘွဲ့နှင်း သဘင် အခမ်း အနား မှာ Liam တို့ သားအမိ နှစ်ဦးကို ယခုလို မြင်တွေ့ ရပါတယ်။

 



Follow us on