1. Home
  2. Movie Stars - Celebrity

ကျားကြီးတစ်ကောင်မွေးထားတဲ့ Jastin biber

Movie Stars - Celebrity พ.ค. 03, 2559 view 1,705

Jastin ဟာ hair style ပြောင်းလိုက်ပြီး လူတေါ ကို အံသြစေတဲ့ အပြင် နောက်တခေါက် ထပ်မံ အံသြ အောင် လုပ်လိုက်ပြန်ပါပြီ။ Jastion ဟာ ကျားတစ်ကောင်ကို မွေးလိုက်ပြန်ပါပြီ။

Jastin biber ဟာ ကျားကြီးတစ်ကောင်ကို မွေးထားတာ အထင်ကြီး သဘောကျစရာ ကောင်းပေပါတယ်။ ဒါပေမဲ့ ကျားဆိုတာ သူ့သဘာဝအတိုင်း နေထိုင်သင့်တဲ့ တောရိုင်းတိရစ္ဆာန်တစ်ကောင်ဖြစ်ပြီး ဓာတ်ပုံရိုက်ဖို့ ကြိုးနဲ့ချည် မွေးထားရမယ့် အရာမဟုတ်တဲ့အတွက် တိရစ္ဆာန်အခွင့်အရေး ကြိုးပမ်းသူများအတွက်တော့ ဒေါသထွက်စရာပါ။

Jastin ဟာ ဖခင်ရဲ့ စေ့စပ်ပွဲကို တက်ရောက်ဖို့ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ကို ရောက်ရှိနေတာပါ။ တိုရွန်တိုမှာ Jastin ဟာ ကျားကြီးနဲ့ အတူ တွဲရိုက်ထားတဲ့ပုံကို တင်လိုက်တဲ့အတွက် တွစ်တာအသုံးပြုသူတစ်ဦးက "Jastin ..ခင်ဗျားကို ကျွန်တော်လေးစားတယ်။ ဒါပေမဲ့ ကျားကို ကြိုးနဲ့ချည်ထားတာတော့ မဟုတ်သေးဘူး" လို့ ရေးသားခဲ့ပါတယ်။Credit: Duwun

 



Follow us on