1. Home
  2. Myanmar News

ဒဂုံမြို့သစ် လမ်းဘေးတစ်နေရာမှာ စွန့်ပစ်ထားပြီး သေဆုံးသွားသူ တစ်ဦး

Myanmar News พ.ค. 03, 2559 view 1,541

 ဒဂုံမြို့သစ်တောင်ပိုင်း အမှတ်(၂)လမ်းမကြီးဘေးရှိ မိုး ညှင်းသိင်္ဂီကျောင်းအနီးတွင် ဧပြီ ၂ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က  အမျိုးသားတစ်ဦးကို ကားဖြင့်လာ ရောက်စွန့်ပစ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


ဒဂုံမြို့သစ်တောင်ပိုင်း ၁၇ ရပ်ကွက်ရှိ ကြေးနန်းဝင်းအတွင်း သို့ အသက်(၂၅)နှစ်အရွယ် အမျိုး သားတစ်ဦးကို လုံခြုံရေးဝတ်စုံ ဝတ်ထားသည့် လူငါးဦးခန့်က ကားဖြင့် လာရောက်စွန့်ပစ်ခဲ့ပြီး ကားမှာ ရွာသာကြီးဘက်သို့ မောင်းနှင်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။

‘‘ကျွန်တော်တို့ ရောက်တော့ နေ့လယ် ၁၂ နာရီကျော်လောက် ကရောက်တယ်။ ရောက်တဲ့အချိန်မှာ မသေသေးဘူး။ ရေတောင်း သောက်တယ်။ လာကူညီတဲ့ ကြက်ခြေနီတစ်ယောက်က ဆေးရုံပို့ဆိုတာနဲ့ သူ့ကို စံပြဆေးရုံ ပို့ လိုက်တယ်။ ဆေးရုံရောက်ပြီး မိနစ်ပိုင်းအကြာမှာ သေသွား တယ်။ ပြင်ပဒဏ်ရာတစ်စုံတစ် ရာမတွေ့ရဘူး’’ဟု တောင်ဒဂုံမြို့ မရဲစခန်းမှ ဒုရဲမှူးမောင်မောင်ဦး က ပြောသည်။

အမျိုးသားတစ်ဦးအား လာရောက်စွန့်ပစ်သွားမှုကို ကြေးနန်းဝင်းအတွင်းရှိ အမျိုးသားတစ်ဦးက ရဲစခန်းသို့ ဖုန်းဆက်အကြောင်း ကြားခဲ့ပြီး စွန့်ပစ်ခံရသူ အမျိုးသားအား စံပြဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း မွန်းလွဲ ၁ နာရီခွဲခန့်တွင် သေဆုံးသွားခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

 ‘‘လောလောဆယ်တော့ ရိုက်နှက်ထားတဲ့ ဒဏ်ရာမတွေ့ရ ဘူး။ အလောင်းကို ဆေးစစ်နေ ဒတုန်းပဲ။ လောလောဆယ်တော့ သေမှုသေခင်းပဲ ဖွင့်ထားတယ်။ ကျန်တာတော့ ဆေးစစ်ပြီးမှ အ တည်ပြုပေးလို့ရမယ်’’ဟု ဒုရဲမှူးမောင်မောင်ဦးက ဆိုသည်။

 



Follow us on