G-Unit အဖွဲ့ဝင် Rap အဆိုတော် 50 Cent ဟာ Instagram က တဆင့် ဓါတ်ပုံတစ်ပုံ ကို ဖော်ပြခဲ့ပြီး ထို ဓါတ်ပုံကတော့ သူ့ရဲ့ သားလို့ သတ်မှတ်ခံထားရသူ အသက် ၁၀ နှစ်အရွယ် Davian ဆိုတဲ့ ကလေးငယ်နဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံပဲဖြစ်ပါတယ်။ ထို အသက် ၁၀ နှစ်ရှိနေပြီဖြစ်တဲ့ သူ့ရဲ့ သားအရင်းကို 50 Cent အနေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်းဖြစ်နေတာ ကြောင့်ပါ။ ဒီသတင်းနဲ့ ပတ်သက်ပြီး အတိအကျ သိရခြင်းလည်း မရှိသေးတဲ့အတွက် ဒီကလေး ရဲ့ မိခင် ဟာ မည်သူမည်ဝါ ဖြစ်တယ်ဆိုတာကိုတော့ သိရှိရခြင်း မရှိပါဘူး။
ဒါပေမယ့်လည်း 50 Cent နဲ့ Davian လေးတို့ဟာတော့ အတူတကွ ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် 50 Cent ဟာ သူ့ရဲ့သားဖြစ်သူ Davian ရဲ့ ကျောင်းမှာ စာတော်ပုံ ၊ အကျင့်စာရိတ္တ ကောင်းမွန်ပုံ တို့ကိုလည်း အီးမေးလ်က တဆင့် ကျောင်းကနေ ချီးကျူးခြင်း ခံခဲ့ရတယ်လို့ ဆိုထားပါသေးတယ်။
တစ်ကြိမ်တစ်ခါ ဒေ၀ါလီ ခံထားဖူးသူ ကမ္ဘာကျော် ရက်ပါကြီး 50 Cent က သူ့ရဲ့ သားဖြစ်သူ Davian ကို သူ့သူငယ်ချင်းဖြစ်သူ Floyd Mayweather ထံမှာ လက်ဝှေ့ပညာ သင်ကြားပေးသွားမယ်လို့လည်း ကတိပေးထားပြန်ပါတယ်။ 50 Cent ဟာ Davian အပြင် Marquise နဲ့ Sire ဆိုတဲ့ သား ၂ ယောက်လည်း ရှိပါသေးတယ်။ Credit :Trend