1. Home
  2. Special or Others

အင်ဒိုနီးရှား အမျိုးသမီး တစ်ဦးက လူသွားစင်္ကြံ နေရာအတွက် ဆိုင်ကယ်များကို ဒေါသတကြီး တားဆီးခဲ့မှု အင်တာနက်တွင် လူအများ စိတ်ဝင်တစား ဖြစ်သွားခဲ့

Special or Others พ.ค. 05, 2559 view 1,567

ဂျကာတာပို့စ် သတင်းစာက မေ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံ$ ဂျကာတာရှိ လူစည်ကားသောလမ်း၏ စင်္ကြံတွင် ဆိုင်ကယ်မောင်းလာသူများအား တားဆီးနေသည့် အမျိုးသမီးကို တွေ့ရစဉ် (Photo: AFP) ယာဉ်ကြော ပိတ်ဆို့နေသော ဂျကာတာတွင် လူသွားလမ်း နေရာ၌ မောင်းနှင်သော ဆိုင်ကယ်များကို ဒေါသတကြီး တားဆီးခဲ့သော ဓာတ်ပုံများ ပျံ့နှံ့သွားခဲ့ပြီးနောက် အင်ဒိုနီးရှား အမျိုးသမီး တစ်ဦးသည် အင်တာနက်တွင် ချက်ချင်း ထင်ရှားသွားခဲ့သည်။ အသက် ၃၄ နှစ်အရွယ် စားဖိုမှူး အယ်ဖီနီလက်စတာရီသည် ယခုတစ်ပတ် အတွင်းက အလွန် စည်ကားသော အချိန်အတွင်း ဂျကာတာ၏ အဓိက လမ်းမတစ်ခု၌ လူသွားစင်္ကြံပေါ်တွင် မောင်းနှင်နေသော ဆိုင်ကယ်တစ်စုကို လက်ဖြန့် တားဆီးခဲ့သော ဓာတ်ပုံသည် အင်ဒိုနီးရှား သတင်းစာ ဂျကာတာပို့စ်၏ မျက်နှာဖုံးတွင် ဖော်ပြခံရပြီးနောက် ချက်ချင်း ထင်ရှားသွားခဲ့သည်။

ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးသော ယာဉ်ကြောပိတ်ဆို့မှုများရှိသည့် မြို့တစ်မြို့ ဖြစ်သော ဂျကာတာတွင် လူသွားစင်္ကြံ၌ ဆိုင်ကယ် စီးနင်းခြင်းသည် တရားမ၀င်သော်လည်း ဆိုင်ကယ် မောင်းသူ အများစုသည် ဥပဒေကို မလိုက်နာကြပေ။ လမ်းလျှောက်သွားသူများအတွက် ထားရှိသည့် ဧရိယာများကို ဆိုင်ကယ်သမားများက ဖြတ်လမ်းအဖြစ် အသုံးပြုကြခြင်းဖြင့် ပြည်သူတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံနေရကြောင်း ဝေဖန်သူများက ပြောကြားထားသည်။ ယာဉ်ကြော ပိတ်ဆို့မှုအပြင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ညံ့ဖျင်းမှု၊ လမ်းလျှောက်သွားသူများ သက်သောင့်သက်သာ လမ်းလျှောက်နိုင်သော နေရာ အနည်းငယ်သာ ရှိမှုတို့ကြောင့် နာမည်ဆိုးထွက်သော ဂျကာတာမြို့တွင် အယ်ဖီနီသည် နေ့ချင်းညချင်း ကျော်ကြားသွားခဲ့သည်။

“ဆိုင်ကယ်စီးသူတွေ အများကြီးက ကျွန်မကို ဒေါသထွက်ခဲ့ကြတယ်။ အချို့က လမ်းဖယ်ပေးဖို့ ပြောကြတယ်။ အချို့က ‘ရူးနေတဲ့ မိန်းမ’ လို့ ပြောခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မက မှန်ပြီး သူတို့က မှားတယ်ဆိုတာ သိတဲ့ အတွက်ကြောင့် အဲဒါတွေကို ဂရုမစိုက်ပါဘူး” ဟု အယ်ဖီနီက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ အွန်လိုင်းတွင် အယ်ဖီနီကို ၀ိုင်းဝန်း ချီးကျူးခဲ့ကြပြီး Save The Pedestrains ဟု အမှတ်စာသား တွဲ၍ Twitter တွင် သူ့အား ချီးမြှောက်ခဲ့ကြသည်။ အင်ဒိုနီးရှား၏ ကျော်ကြားသော ဂီတပညာရှင် ဂလင်ဖရက်ဒလီက “သူက ဂျကာတာရဲ့ စိတ်ထားမှန်သူ အမျိုးသမီးပါ။ အယ်ဖီနီကို ချစ်တယ်” ဟု တွဒ်တာတွင် ရေးသားခဲ့သည်။ ဂျကာတာတွင် ရုံးတက်ရုံးဆင်း စည်ကားချိန်၌ အဓိက လမ်းမများကို ၀င်ထွက် သွားလာရန်အတွက် ကားများသည် လူနှစ်ဦးထက် မနည်း လိုက်ပါရသည်။ မကြာသေးခင် ရက်သတ္တပတ်များအတွင်း၌ ယာဉ်ကြောပိတ်ဆို့မှု ပိုမို ဆိုးရွားလာခြင်းသည် ကားများ မျှဝေသွားလာသည့် ယင်းစနစ်ကို ရပ်ဆိုင်းမှုကြောင့် ဖြစ်သည်ဟု ဝေဖန်ခံနေရသည်။

Credit ; http://news-eleven.com/



Follow us on