1. Home
  2. Movie Stars - Celebrity

ဝမှာကြောက်တဲ့ရောဂါနဲ့ သေဆုံးခဲ့ရတဲ့ အဆိုတော် Karen Carpenter (1950 – 1983)

Movie Stars - Celebrity พ.ค. 05, 2559 view 1,632

ငယ်ငယ်တည်းက ၀တုတ်မလေးလို့ အခေါ်ခံခဲ့ရတဲ့ Karen Carpenter ဟာ ဆယ်ကျော်သက် အရွယ်မှာ ၀ိတ်လျှော့ဖို့ အပြင်းအထန်ကြိုးစားခဲ့ပါတယ်။ ပေါင် ၁၄၀ ကနေ ၁၂၀ ရောက်အောင် လျှော့နိုင်ပြီးနောက် မိဘဆွေမျိုးတွေက ချီးကျူးခဲ့ကြပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ကိုယ်အလေးချိန်က ဆက်တိုက်ကျ လာပြီး ပေါင် ၉၀ ထိအောင် ကျသွားခဲ့တာကြောင့် သူမရဲ့ အရပ်အမောင်းနဲ့ အရိုးပေါ်အရေတင် သာသာဖြစ်လာခဲ့ပါတယ်။

1977 အသက် ၂၇ နှစ်အရွယ်မှာ အရပ် ၅ ပေ၄ လက်မရှိတဲ့ သူမဟာ ကိုယ်အလေးချိန် ၈၃ ပေါင်သာရှိခဲ့ပါတယ်။ ဒါပေမဲ့ သူမဟာ အစ်ကိုဖြစ်သူ Richard Carpenter နဲ့ တွဲဖက်ကာ ဂီတအဖွဲ့ကို တည်ထောင်ခဲ့ပြီး သီချင်းတွေကို အနုပညာမြောက်စွာ သီဆိုခဲ့ပါတယ်။ Top of the world, Yesterday Once More (ရှားရှားပါးပါးမျက်ရည်) စတဲ့ နာမည်ကြီးသီချင်းတော်တော်များများကို သီဆိုခဲ့ကာ ဂရမ်မီဆုလည်း ရရှိခဲ့ပါတယ်။

ကာလတလျှောက်လုံးမှာ ၀လာမှာကို အလွန်အမင်း စိုးရိမ်စိတ်နဲ့ အစာငတ်ခံတာကြောင့် အစားအသောက်ပျက်ခြင်း၊ ခံတွင်းမမြိန်ခြင်းတို့အပြင် icepec ဆိုတဲ့ အန်ဆေးတစ်မျိုးကို တောက်လျောက်စွဲသုံးခဲ့တာကြောင့် အဆမတန် အားအင်ပြတ်လပ်ကာ အသက် ၃၂ နှစ်အရွယ်မှာ နှလုံးအလုပ်မလုပ်တော့ပဲ ရုတ်တရက်လဲကျသေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဆရာဝန်များရဲ့ မှတ်ချက်အရ Karen ဟာ Anorexia (၀မှာကို အလွန်အမင်းကြောက်တဲ့ရောဂါ - ၀မှာကြောက်တာ ကြောင့် အစာအငတ်ခံပြီး အစားအအိပ်ပျက်စေခြင်း) ကြောင့် သေဆုံးရတာဖြစ်တယ်လို့ ဆိုပါတယ်။ မင်းသမီး ဒိုင်ယာနာကလည်း ထိုရောဂါလက္ခဏာမျိုးကို သူမလည်း ခံစားခဲ့ရကြောင်း ထုတ်ဖော် ပြောကြားခဲ့ဖူးတယ်လို့ သိရပါတယ်။Credit: Yoyarlay



Follow us on