
သရုပ်ဆောင် ဇူးဇူးမောင်က ခင်ပွန်းဖြစ်သူ ထွန်းထွန်းနိုင်နဲ့အတူ အမေရိကန်နိုင်င့မှာ နေထိုင်နေတယ်လို့ သိရပါတယ်။ သူတို့ရဲ့ သမီးဦးလေးကိုလည်း အမေရိကန်နိုင်ငံမှာဘဲ မွေးဖွားလိုက်တာဖြစ်ပါတယ်။ သမီးလေးကို Anaheim City မှာရှိတဲ့ Kaiser Permanente Hospital မှာ မွေးဖွားခဲ့ပြီး သမီးလေးရဲ့ ကိုယ်အလေးချိန် ကတော့ ၆ ပေါင် နဲ့ ၅ အောင်စ ရှိတယ်လို့ ဇူးဇူးမောင် ကပြောပါတယ်။ "သမီး ဦးလေးဖြစ်တဲ့ အတွက် အမှတ်တရ တွေ အများကြီးပါပဲ။မွေးပြီးချိန် မှာတော့ သမီးရဲ့မျက်နှာ စမြင်လိုက်ရ တဲ့ ပီတိက ပြောမပြတတ်အောင် ခံစားရတဲ့ ပီတိပါ။ အဲဒီလို ပီတိမျိုးက ချို့ရဲ့ တစ်သက်တာ အမှတ်တရပါ" လို့ သူမက ဆိုပါတယ်။ သမီးလေးရဲ့ နာမည်ကို အင်္ဂလိမ်လို Chloe Chanလို့ ပေးထားပြီး မြန်မာနာမည်တော့ မပေးရသေးဘူးလို့ သိရပါတယ်။အခုချိန်မှာတော့ ကလေးလေး ၂ လသား အရွယ်ရောက်ရှိနေပြီလို့ ဆိုပါတယ်။Credit:Duwun

comment