1. Home
  2. Special or Others

အသက် ၉၂ နှစ်ရှိ မက်ဒေါ်နယ် အလုပ်သမကြီး

Special or Others พ.ค. 06, 2559 view 1,701

သူ့မျက်နှာပေါ်က ပါးရေနားရေ အတွန့်ကြောင်းတွေက သူ့ရဲ့ အသက်ကို ညွှန်ပြပေမဲ့သူ့မျက်လုံးတွေက အသက်ကြီးရင့်ပုံမပေါက်ပါ။ မဒမ် ဂိုးဂဝင့်အိန်းဆိုတဲ့ အဘွားကြီးရဲ့ မျက်လုံးတွေဟာ တောက်ပပြီး အသက်ဝင်လို့ သူ့ကို စင်ကာပူနိုင်ငံက မက်ဒေါ်နယ် စားသောက်ဆိုင်ရဲ့ အသက်အကြီးဆုံး အလုပ်သမဖြစ်တယ်ဆိုတာကို ယုံဖို့ခက်ပါတယ်။ စင်ကာပူကျွန်းကို ဂျပန်တွေသိမ်းပိုက်ထားတဲ့ စင်ကာပူရဲ့ ဂျပန်ခေတ်ကို ဖြတ်သန်းကျော် လွှားခဲ့တဲ့ အသက် ၉၂ နှစ်ရှိ အဘွားကြီးဟာ လွန်ခဲ့တဲ့ ၁၈ နှစ်ကတည်းက ခရီးသွားလာရင်း အမြန်မှာယူစား သောက်နိုင်တဲ့ အစားအသောက်ဆိုင်ခွဲမှာ အလုပ်လုပ်ခဲ့တယ်။

သားသမီးငါးယောက်၊ မြေး ၁ဝ ယောက် နဲ့ မြစ်အယောက် ၂ဝ ရှိတဲ့ မဒမ်ဂိုးဟာ ၄င်းရဲ့ သက်တမ်း တစ်လျှောက် နှစ်ပေါင်း များစွာ အိမ်ရှင်မအဖြစ် အလုပ်များခဲ့တယ်။ ''အခုတော့ ကလေးတွေ အများစုဟာ အလုပ် လုပ်နေကြပြီး မိသားစုတွေရှိနေကြပြီဖြစ်လို့ အိမ်ဟာ တိတ်ဆိတ်သွားပြီ''လို့ မဒမ်ဂိုးက ပြောတယ်။ သိပ်ငြီးငွေ့လာပြီး ပျင်းခြောက် ခြောက်ဖြစ်လာလို့ သူ့မြေးတစ်ယောက်ကို အကူအညီတောင်းခဲ့တယ်။ အဲဒီမြေးရဲ့ အကူအညီနဲ့ ၁၉၉၈ ခုနှစ်မှာ 'ဘီဒေါ့'လမ်းဆုံက မက်ဒေါ်နယ်ဆိုင်မှာ အလုပ်တစ်ခုရတယ်။ ဒီစားသောက်ဆိုင်ကို သူ့အိမ်က မိနစ် ၂ဝ လမ်းလျှောက်ပြီး အရောက်သွားနိုင်တယ်။ မဒမ်ဂိုးရဲ့ မီးဖိုချောင်ထဲက နှစ်ပေါင်းများစွာအတွေ့အကြုံဟာ မက်ဒေါ်နယ်ဆိုင်မှာ အသုံး တည့်ခဲ့တယ်။ အလုပ်ကျွမ်းကျင်မှုကို အခက် အခဲမရှိဘဲ လေ့လာသိရှိပြီး အစားအစာ စာရင်းပါ ဘယ်အရာဖြစ်ဖြစ် ပြင်ဆင်ပေး ရာမှာ တတ်ကျွမ်းလာတယ်။ အလုပ်လုပ်တဲ့ အခါမှာတွေ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ''ဒယ်အိုးရှေ့မှာ မတ်တတ်ရပ်တဲ့အခါ အလွန်ပူတာမို့ သား၊ ငါးတွေကြော်ရတာ အခက်ခဲဆုံးပါပဲ''လို့ သူကပြောတယ်။

'ကံကောင်းချင်တော့ အကူအညီတွေ ရပါတယ်'လို့လည်း သူကပြောတယ်။ ''လေးတဲ့ပစ္စည်းတွေ မ လာတာမြင်ရင်၊ ဒါမှမဟုတ် မှာထားတဲ့ အစားအစာတွေ အလျဉ်မီအောင် မလုပ်နိုင်ရင် လုပ်ဖော်ကိုင်ဖက်တွေက ကူညီပေးပါတယ်''လို့ သူကပြောတယ်။ သူ့အလုပ်ဟာ ထပ်တလဲလဲနဲ့ ငြီးငွေ့ဖွယ်ကောင်းပြီး ရုပ်ပိုင်းအရ အားကုန်ခန်းပေမဲ့ သူ့ကို လှုပ်ရှားတက်ကြွစေတာမို့ လုပ်ရတာ ပျော်ရွှင် ပါတယ်လို့ သူကဆိုတယ်။''ကျွန်မ ကျန်းမာနေသရွေ့ ဆက်လုပ်ဖို့ အစီအစဉ်ရှိပါ တယ်''လို့လည်း သူကပြောကြားလိုက်တယ်။ 

Credit ; myanmar.mmtimes



Follow us on