1. Home
  2. Myanmar News

ရန်ကုန်မြို့သူမြို့သားတွေရဲ့ စာရိတ္တကို သိစေမည့် ရောင်းသူမဲ့အအေးဆိုင် ရန်ကုန်မြို့တွင် ဖွင့်လှစ်ပြီ

Myanmar News พ.ค. 06, 2559 view 1,594

 လူမူကွန်ရက်တွင် ခေတ်စားနေသည့် မန္တလေး မြို့မှ ရောင်းသူမရှိပဲ ၀ယ်ယူသူကိုယ်တိုင် ပိုက်ဆံထားခဲ့ရသည့် လမ်းဘေးအအေးဆိုင် နည်းတူ ရန်ကုန်မြို့ ၀ါးတန်းလမ်း Alpine ရေသန့် စက်ရုံရှေ့တွင် မေလ ၆ရက်နေ့က စတင်၍ ရောင်းသူမဲ့ အအေးဆိုင်တစ်ဆိုင်ကို စတင်ရောင်းချခဲ့ကြောင်း သိရသည်။

“မန္တလေးမှာ စလုပ်တဲ့ ကိုဝမ်းရဲ့ အိုင်ဒီယာအတိုင်း လိုက်လုပ်တာပါ။ အဓိကက ၀ယ်ယူသူတွေရဲ့ စိတ်ကို စမ်းသပ်တာပါ။ လူမြင်ရာမှာ ရိုးသားကျသလို လူမမြင်ကွယ်ရာမှာ ရိုးသားရဲ့လားသိချင်တာပါ” ဟု ဆိုင်ဖွင့်လှစ်သည့် လူငယ်အဖွဲ့မှ ကိုရှမ်းလေး ကဆိုသည်။

“အိမ်မှာလဲ ရေသန့်ဗူးတွေ အအေးတွေရှိပါတယ်။ ဒါပေမယ့် ဒီမှာမ၀ယ်ရင် ခေတ်မမီမှာဆိုးလို့ လာဝယ်တာ “ဟု လာရောက် ၀ယ်ယူသည့် အသက်၄၀အရွယ်အမျိုးသမီးတစ်ဦးကဆိုသည်။ အဆိုပါ အအေးဆိုင်ကို မနက် ၉နာရီမှ ညနေ ၄နာရီအထိဖွင့်လှစ်မည်ဖြစ်ပြီး စတင်ရောင်း ချသည့် နံနက် ၉နာရီမှ ၁၂နာရီ အထိ စာရင်းအရ ရောင်းရငွေထက် ၁၀၀ကျပ်ပိုမိုရရှိနေကြောင်း သိရသည်။Credit: china.com



Follow us on