1. Home
  2. Special or Others

မင်္ဂလာဆောင်ပြီးနောက်တနေ့မင်္ဂလာဝတ်စုံပြန်အပ်ရန် သွားသော ထိုင်းအလှမယ်နှင့်သူ၏ခင်ပွန်းတို့ ကားတိုက်ခံရပြီးနှစ်ဦးစ လုံးသေဆုံး

Special or Others พ.ค. 12, 2559 view 1,658

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ Aranyaprathetအရပ်တွင် မေလ၁၀ရက်နေ့၁၁နာရီခန့်က ဆိုင်ကယ်နှင့် ကားတိုက်မှုဖြစ်ပွားခဲ့သည်။ရဲများ၏သတင်းထုတ်ပြန်ချက်အရ ထိုယာဉ်တိုက်မှုတွင် ဆိုင်ကယ်မောင်းနှင်သူနှင့်နောက်မှလိုက်ပါစီးနင်းလာသူတို့နှစ်ဦး စလုံး နေရာမှာတွင်သေဆုံးခဲ့သည်။ ဆိုင်ကယ်အမျိုးအစားမှာ ဟွန်ဒါ အမျိုးအစားဆိုင်ကယ်ဖြစ်ပြီး မှတ်ပုံတင်ထားခြင်းမရှိပေ။

မော်တော်ယာဉ်မှာ အီဆူဇီးပစ်ကပ်ကားအမျိုးအစားဖြစ်ကြောင်းရဲမှတ်တမ်းအရသိရသည်။ သေဆုံးသွား သူနှစ်ယောက်မှာ တင်ဆန် အမည်ရှိ အသက်၂၁နှစ်အရွယ် အမျိုးသားနှင့်ထိုင်း အလှမယ်ပြိုင်ပွဲတွင်နံပါတ်၎ချိတ်ခဲ့သူ အသက်၁၇နှစ် အရွယ် မိန်းကလေးတို့ဖြစ်သည်။ အဆိုပါစုံတွဲ သည် မေလ၉ရက်နေ့တွင် မင်္ဂလာဆောင်ခဲ့ပြီး မေလ၁၀ရက်နေ့တွင် ငှားရမ်းထားသော မင်္ဂလာ ဝတ်စုံပြန်အပ်ရန်အသွားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မျက်မြင်သက်သေမှပြောကြားရာတွင် အဆိုပါဆိုင်ကယ်သည် ဘရိတ်ပေါက်၍ ကားအားဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည် ဟုပြောကြားခဲ့ သည်။ သေဆုံးသူ နှစ်ယောက်သည် ဆန့်ကျင်ဘက်အနေအထားနှင့်သေ ဆုံးလျှက်ရှိသည်ဟု ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် Sanook news တွင်ဖော်ပြထားချက် အရသိရှိ ရသည်။

Credit ; thithtoolwin.com



Follow us on