1. Home
  2. Football

ရေရှည်စာချုပ်ချုပ်မှာလား (or) ထွက်သွားမှာလား ဂန်ဒိုဂန်

Football พ.ค. 12, 2559 view 2,215

 ဂန်ဒိုဂန်ဟာ ပြီးခဲ့တဲ့ ပြီးခဲ့တဲ့လ ကမှ ဒူးဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိသွားတာကြောင့် လက်ကျန်ပွဲစဉ်တွေရော ယူရိုပွဲစဉ်ပါလွဲချော်တော့မယ့် ကစားသမားပါ။ သူ့ကို ခေါ်ယူဖို့ မန်စီးတီး အသင်းက နည်းမျိုးစုံနဲ့ စည်းရုံးနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒေါ့မွန်အသင်း ဥက္ကဌ ဝေါ့ဇ်ကတော့ Sky Sports နဲ့ အင်တာဗျူးမှာတော့ ဂန်ဒိုဂန်ရဲ့ လက်ရှိစာချုပ်အနေအထားကို သတိပေးသွားခဲ့ပါတယ်။

သူက " ကျနော် ဂန်ဒိုဂန်နဲ့ စကားပြောပြီးပါပြီ။ သူက နောက်ထပ် ဒဏ်ရာ ရသွားလို့ အကြီးအကျယ် စိတ်ဓါတ်ကျနေတာပါ။ ဒါပေမယ့် ကျနော်တို့က သူဘက်က ရပ်တည်နေတယ်ဆိုတာ သူသိပါတယ်။ လောလောဆယ် စာချုပ်သစ်အတွက် ဆွေးနွေးမှုအရတော့ သူ့မှာ ရွေးချယ်စရာ နှစ်ခုပါ။ တစ်ခုက အသင်းကနေ ထွက်ခွာမလား နောက်တစ်ခုကတော့ ဆက်နေမလားပေါ့။ တကယ်လို့ ဆက်နေမယ်ဆိုရင်လဲ ကျနော်တို့က ရေရှည်စာချုပ်မျိုးပဲ လိုချင်တာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါကြောင့်မို့ နွေရာသီမှာတော့ ဂန်ဒိုဂန်ရဲ့ ပုံပြင်ဟာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရတော့မှာပါ။

Credit . sports myanmar



Follow us on